DE

Global Europe – ကမ္ဘာ့မျှော်လင့်ချက်
ကမ္ဘာ့စင်မြင့်ထက်မှာ EU ရဲ့ ပါဝင်မှုကို အကဲဖြတ်ခြင်း

europe

စာအုပ်အကြောင်း?

ရရှားရဲ့ ယူကရိန်အပေါ်ကို ကျူးကျော်စစ်ပွဲကအစပြုလို့ ဥရောပနဲ့ နိုင်ငံတကာစာမျက်နှာထက်မှာ ခြိမ်းခြောက်မှုတစ်ခု အဖြစ်ရှိနေပါတယ်။ ဒီမိုကရေစီရဲ့ လစ်ဘရယ်မော်ဒယ် တစ်ခု ဖြစ်တဲ့ ပွင့်လင်းတဲ့ဝန်းကျင်၊ ဒီမိုကရေစီ၊ တရားဥပေဒစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ စျေးကွက်စီးပွားရေး စနစ်စတာတွေအပေါ်မှာ စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာအုပ်မှာ အောက်ပါအချက်များကို အဖြေရှာနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

အခြားသော နိုင်ငံများက ဥရောပသမဂ္ဂကို ထားရှိတဲ့အမြင်များ?

ဥရောပသမဂ္ဂအနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်နိုင်မလဲ?

ဥရောပသမဂ္ဂနဲ့အခြားနိုင်ငံတစ်ဝန်းမှာ ပူးပေါင်းဆောင်ရွက်မှုက တစ်ဆင့် ရလာနိုင်မယ့် အသီးအပွင့်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေပါ ပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ယခု ပေါ်လစီပေပါများမှတစ်ဆင့် ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့အကြားပူးပေါင်းဆောင်ရွက်မှု နဲ့အတူ အခြားသောနိုင်ငံများနှင့် ဆက်ဆံမှုရေရှည်တည်မြဲအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာကိုပါ ဖော်ပြထားပါတယ်။ ယခု တွေ့ရှိချက်များဟာ ဥရောပသမဂ္ဂရဲ့ အပြင်ဘက်ကမ္ဘာမှာ လစ်ဘရယ်ဒီမိုကရေစီမော်ဒယ်တစ်ခုအဖြစ်ဘယ်လို စတင်မလဲဆိုတာတွေပါ ပါဝင်ပါတယ်။

အဆုံးသတ်အေနနဲ့ ယခု ပေါ်လစီပေပါဟာ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံများဆက်ဆံေရးကိုအရှိန်ဟုန်မြင့် ပြီး ကမ္ဘာ့ပြသနာများမှာ ဥရောပသမဂ္ဂအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရုပ်လုံးဖော်မှုတစ်ခု ပေါ်ထွက်လာစေရေးကို အလေးပေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ပြသနာများနဲ့ရင်ဆိုင်ရတဲ့အခါ ဥရောပသမဂ္ဂအနေနဲ့ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်ရေးမှာ ဘယ်လို လေးနက်စွာ ဆက်ဆံနိုင်မလဲဆိုတာကိုပါ မေးခွန်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

Policy Paper အားယခုလင့်မှ ဒေါင်းလုတ်ရယူနိုင်ပါသည်။