DE

ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုရင်

Business

ရေးသူ-အောင်ကိုဦး (UMK)

ကျွန်တော့် ကို သင်တန်း မှာရော၊ အွန်လိုင်း မှာပါ လူငယ်တွေ က ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး လုပ်ချင် ပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လို လုပ်ရမလဲ စသဖြင့် မေးခွန်းတွေမေးကြပါ တယ်။ အလျဉ်း သင့် သလို ဖတ်ခဲ့ ဖူးတဲ့ စာတွေနဲ့ ကိုယ့်ရဲ့ အတွေ့ အကြုံတွေကို အခြေခံပြီးပြောပြဖြစ်ပါတယ်။

ဒီနေရာမှာ ကြိုတင် ဝန်ခံချင် တာက ကျွန်တော် က စီးပွားရေး ပညာရှင် တစ်ယောက် မဟုတ်ပါ။ ၂၀ဝ၂ ခုနှစ် မှာ ရန်ကုန်ကို စရောက်ပြီးတော့ အရင်း အနှီးဘာမှ မရှိတဲ့အခြေအနေ ကနေ ၂၀၁၃ ခုနှစ်မှာ AELC
ကို တည်ထောင်ပြီး လက်ရှိ လုပ်ငန်း လည်ပတ်နေစဉ် ကာလတွေ မှာဖြတ် သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဖတ်ဖူး၊ မှတ်ဖူး တဲ့ စီးပွားရေး ဆိုင်ရာ စာပေ ဗဟုသုတတွေကို အခြေခံပြီးတော့ ကိုယ် ပိုင်စီးပွားရေး လုပ်ငန်း စတင်ချင်တဲ့ လူငယ်တွေ အတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း တစ်ခု ကို ဘယ်လို စတင်ကြမလဲ၊ ဘာတွေလုပ် သင့်လဲ ဆိုတာတွေကို မျဝေပေးတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း တစ်ခု မလုပ်ခင် ကြိုတင် စဉ်းစားဖို့လို ပါတယ်။ ဘာတွေ စဉ်းစားဖို့ လိုအပ် သလဲ။ အနည်း ဆုံးတော့ အချက်လေးချက်ကို မဖြစ်မနေစဉ်းစားဖို့ လိုပါတယ်။ အဲဒါတွေက-
၁။ Types of Business
၂။ Market Area
၃။ Investments Types
၄။ Break Even Point

နံပါတ် ၁ အချက်ဖြစ်တဲ့ Types of Business
စီးပွားရေး လုပ်ငန်း အမျိုးအစား ကို စတင် စဉ်းစားဖို့ လိုပါလိမ့်မယ်။

ကုန်ထုတ် လုပ်မှု (Production)၊
ဝန်ဆောင်မှု (Service)၊
 ရောင်းဝယ်ရေး (Trading)

စသဖြင့် ကိုယ်လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းအမျိုး အစားကို စတင် စဉ်းစားပါ။ အဲဒီလို စဉ်းစားတဲ့ အခါ ကိုယ် ဝါသနာ ပါ တဲ့၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းအမျိုးအစား ကို သာရွေးချယ်ပါ။ ပတ် ဝန်းကျင် မှာ လွှမ်းမိုးမှုများနေတဲ့ လုပ်ငန်းတိုင်း ကို မျက်စိ မကျပါနဲ့။

ဆိုလိုတာက သူများတွေ ဖုန်းဆိုင်ဖွင့် လို့ လိုက်ဖွင့် တာမျိုး၊ Car Showroom ဖွင့်လို့ လိုက်ဖွင့်တာမျိုး မလုပ်ဖို့ပြောချင်တာပါ။ ခေတ် ကာလ အနေအထား အရ စားသုံးသူ ရဲ့လိုအပ်ချက် (Customer Need)
ကို ထည့်သွင်း စဉ်းစား ရမှာဖြစ်ပေမဲ့ ကိုယ် မလုပ်ချင်တဲ့ လုပ်ငန်းခွင် ဆို Creative Thinkingတွေ၊ Creative Ideaတွေ အားနည်းတတ်တဲ့ အတွက် ကိုယ့်ရဲ့ စားသုံးသူ ကိုကျေနပ်အောင် လုပ် ဆောင်တဲ့နေရာမှာ အားနည်းတတ်ပါတယ်။

တစ်နည်းပြောရရင် Customer Satisfaction ကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်။

နံပါတ် ၂ ကတော့ Market Area ... ကို ထည့်သွင်း စဉ်းစား ရပါမယ်။

ကိုယ့်ရဲ့လုပ်ငန်းကို Regional ၊ Local ၊International  စသဖြင့် ဘယ် အတိုင်းအတာအထိ ရည်ရွယ် ထားလဲ။ စီးပွားရေး လုပ်ငန်း အမျိုးအစား (Types of Business) နဲ့ ဈေးကွက် (Market Area) ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။

ဆိုလိုတာက အိမ် ဆိုင်လေးလောက် ဖွင့်မယ့် သူက ကိုယ့် ရဲ့ Market Area က ကိုယ့် ရပ်ကွက်လောက် ပဲဖြစ် မှာပါ။ ရေသန့်စက်ရုံ တစ်ခု လုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ် သာမက တစ်နိုင်ငံလုံး အနေအထား အထိ စဉ်းစားလို့ ရပါတယ်။ မီဒီယာ လုပ်ငန်း ဆိုရင်တော့ ကိုယ့်နိုင်ငံသာ မက အင်တာနေရှင်နယ် အထိ စဉ်းစားလို့ရပါတယ်။

Market Area ကို စဉ်းစားပြီးရင်တော့ကိုယ့် ရဲ့လုပ်ငန်း က ဈေးကွက် အသစ်လား၊ ဈေးကွက် အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။

 ဈေးကွက် အသစ်တစ်ခု ဆိုရင်လည်း ကိုယ့်ရဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Customer နဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ပေးရမှာဖြစ်သလို ဈေး ကွက်ဟောင်း ဆိုရင်လည်း လက်ရှိဈေးကွက် ထဲမှာ မားကက်ရှယ်ယာ အများဆုံး ရထားတဲ့ လုပ်ငန်းတွေကို ရာခိုင်နှုန်းဘယ်လောက် အထိ ရထားလဲ၊ ကိုယ်က ဘယ်လောက်ရနိုင်လဲ ဆိုတာကို စဉ်းစားတွက် ချက်ဖို့လိုပါတယ်။

အဲဒီလို မားကက်ကို ကိုယ်က ရှယ်ယာပြန်ယူ ရ မယ့်အနေအထား ဆိုရင်တော့ သူများရဲ့ မားကက်ရှယ်ယာကို ကိုယ့် ဘက်ပါအောင် လုပ်မလား၊ ဒါမှ မဟုတ် လုံးဝ မသုံးဖူးသေးတဲ့ Non User  တွေကို ဆွဲဆောင် မလား။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လို ပါတယ်။

နံပါတ် ၃ ဖြစ်တဲ့ Investment Types .... ကတော့ ကိုယ့် မှာ ရှိတဲ့ အရင်းအနှီး နဲ့ပဲ လုပ်မလား၊ လိုချင်တာကို သူများဆီ ကချေး ပြီးလုပ်မှာလား၊ သူများနဲ့ စပ်တူ လုပ်မလား ဒါကို စဉ်းစားဖို့ ပါ တယ်။ ဒီ အချက် ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့ သက်ဆိုင်ပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်း ကကြီးပြီးတော့ ကိုယ့်မှာ က အရင်းအနှီး နည်းတယ် ဆိုရင် ဒုတိယနှစ်မျိုး ထဲက တစ်မျိုး ကိုရွေး ချယ်ရပါမယ်။ အဲဒါ ဆိုရင် သေချာ ခိုင်မာတဲ့ Business Planတော့ ရှိဖို့လိုပါတယ်။

Possibility Percentage ကို အနီးစပ်ဆုံး တွက် ချက် ထားဖို့လိုပါတယ်။ နောက်တစ်ခု က Risk
အတွက် အရံငွေ ချန် ထားဖို့လည်း လိုပါတယ်။ သိန်းတစ်ရာ ရှိရင် အားလုံးကို တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက် လို့ မဖြစ်ပါဘူး။ လုပ်ငန်း တစ်ခု က အရှုံး အမြတ် ရရှိနိုင်ပါတယ်။ အဲဒီ အတွက် တစ်ခုခုဖြစ် ခဲ့ရင်နောက်က လိုက်နိုင်ဖို့ လည်းလိုပါတယ်။

နံပါတ် ၄ ဖြစ်တဲ့ Break Even Point .....   ဆိုတာက အရင်း ကျေ အမှတ်ပါ။ ကိုယ်က Investment Types က ကိုယ်ပိုင်ငွေ တစ်ခုတည်း နဲ့ လုပ်တာ ဆိုရင်တော့ အရင်းကျေကာလ ကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုး ကိုရွေးချယ်ထား သူတွေ အတွက် ကတော့ အရင်းကျေအမှတ် ကို အထူးထည့်သွင်းတွက်ချက် ရပါမယ်။

(ကိုယ်ပိုင်ငွေ နဲ့ လုပ်သူတွေလည်း တကယ်တော့ အရင်း ကျေအမှတ်ကို ထည့်သွင်း စဉ်းစားရပါမယ်)။ အဲဒီအခါ သူများဆီ က ဖြစ်ဖြစ်၊ ဘဏ်က ပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ် ဆိုရင် သူ့ အတွက် ထပ်တက် လာမယ့် အတိုးနှုန်းတွေ က ကိုယ့်ရဲ့ Profit & Loss ကို လာပတ်သက်နေတဲ့ အတွက် အဲဒါကို အမြန်ဆုံးရှင်းနိုင် ဖို့စဉ်းစားရပါမယ်။

One Unit  မှာ အမြတ် ဘယ်လောက် ရအောင် လုပ်ပြီး တစ်နှစ်မှာ ဘယ်လောက် ရရင် ဘယ်နှနှစ် အတွင်း အရင်း ကျေမယ် ဆိုတာကို မဖြစ်မနေထည့်သွင်း တွက်ချက်ရပါမယ်။ (ဘယ်လို တွက်ရတယ် ဆိုတာ ကတော့ ပညာရပ် ဆိုင်ရာတွေဖြစ် တဲ့ အတွက် အရမ်းရှည်မှာ စိုးလို့ ချန်ထားခဲ့ပါတယ်)။

အခုပြောပြ ခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု မစ တင်ခင် မဖြစ်မနေ စဉ်းစားရမယ့်အခြေခံ အချက်တွေ ဟာ ကိုယ်ပိုင် စီးပွား ရေး လုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမယ်လို့မျော်လင့်ပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက် တဲ့နောက်ထပ် အကြောင်းအရာတွေကို လည်း ဆက်လက် ရေးပါဦးမယ်။
''လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး ကြီးပွားအောင်မြင်ကြပါစေ''။

Source: Myanmar B2B Management Magazine, July 2015