DE

သတင်းအမှားတွေကို ဘယ်လိုခွဲခြားကြမလဲ

ဆိုရှယ်မီဒီယာ ပေါ် က အများစုတွေ့ရတဲ့ သတင်းအစအနတွေ သို့မဟုတ် တဦးချင်းလိုမျိုး ရေးတင်တဲ့ဟာတွေ တွေ့ရတိုင်းလည်း အမှန်လို့ယူဆပြီး အခြေခံ ရေးလို့ ၊ ထုတ်လုပ်လို့မရဘူး။
U Myint Kyaw


ဦးမြင့်ကျော်

(Training Head – Myanmar Journalism Institute)

 ဆိုရှယ်မီဒီယာ ပေါ် က အများစုတွေ့ရတဲ့ သတင်းအစအနတွေ သို့မဟုတ် တဦးချင်းလိုမျိုး ရေးတင်တဲ့ဟာတွေ တွေ့ရတိုင်းလည်း အမှန်လို့ယူဆပြီး အခြေခံ ရေးလို့ ၊ ထုတ်လုပ်လို့မရဘူး။

အချက်အလက်မှန်တချို့ လုပ်ကြံတာတချို့ ရောနှောပြီး ရည်ရွယ်ချက် တခုခုနဲ့ အများသိအောင် တင်ပြကြတာတွေ ဖြစ်နိုင်တယ်။

သတင်းအချက်အလက်ကို မိမိကိုယ်တိုင် စိစစ် အတည်ပြုဖို့လိုတယ် ။

ဒီအချက်က ပြောတာလွယ်ပေမယ့် တကယ် လိုက်နာဖို့က အခက်အခဲတွေရှိနိုင်တယ်။

 ဒါပေမယ့် တကယ့်သတင်းသမားဆို လုပ်ကိုလုပ်ရမယ့်အရာပါ။

ဝက်ဆိုက်တွေမှာလည်း သတင်းတုရှိနိုင်တယ် ။

အဲဒီဝက်ဘ်ဆိုက်ရဲ့ နောက်ခံ ကို သေချာစွာ စိစစ် အကဲဖြတ်သင့်တယ်။