Falling Walls Lab Myanmar 2020
![FNFMyanmar](/sites/default/files/import/2020-06/23135-98063359_619230615344394_585878322798395392_o.jpg.jpeg)
Falling Walls Lab Myanmar 2020 တွင် ထူးချွန်ထက်မြတ်သည့် အတွေးအခေါ်ရှိသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။
ဂျာမနီတွင်ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲဝင်ပေါင်း အယောက် ၁၀၀ အနက်တစ်ဦးဖြစ်စေဖို့ရည်ရွယ်သည့် Falling Walls Lab Myanmar 2020တွင်ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။
Falling Walls Foundation မှထောက်ပံ့ပေးထားသည့် ယခုပြိုင်ပွဲတွင် ပါဝင်စာရင်းပေးသွင်းဖို့ www.falling-walls.com/lab/apply မှတစ်ဆင့်လျှောက်ထားနိုင်ရန် တိုက်တွန်းလိုပါသည်။
Falling Walls Lab
Falling Walls Lab ကိုပြည်တွင်းရှိ Friedrich Naumann Foundation Myanmar မှဦးဆောင်ကျင်းပခြင်း ဖြစ်ပါသည်။
မျိုးဆက်သစ်လူငယ်များ၏ မတူကွဲပြားသည့် အတွေးအခေါ်များ၊ ဆန်းသစ်မှုများကို နိုင်ငံတကာစင်မြင့်ထက်တွင် တင်ပြခွင့်ရရှိမည့်အပြင် အဆက်အသွယ်ကောင်းများရရှိနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပါသည်။
မည်သူများဝင်ရောက်လျှောက်ထားနိုင်မည်နည်း?
- မိမိတွင် ထူးခြားသည့်အများအကျိုးပြု အတွေးအခေါ်ရှိသည်ဟု ယူဆသူများ
- မိမိနေထိုင်ရာပတ်ဝန်းကျင်အား မိမိ၏အတွေးအခေါ်မှတစ်ဆင့် တက်စွမ်းသမျှ ပါဝင်ပြောင်းလဲလိုသူများ
- သက်ဆိုင်ရာနယ်ပယ်များတွင် ထူးခြားသည့် အတွေးအခေါ်ကောင်းများဖြင့် ပြုပြင်ပြောင်းလဲလိုသူများ (စိုက်ပျိုးရေး၊ ဆေးသိပ္ပံ၊ သဘာဝသိပ္ပံ စသည့် နယ်ပယ်များမှ အတွေးအခေါ်များနှင့် သုတေသနတင်ပြမှုများကို ဖိတ်ခေါ်ပါသည်။
သတ်မှတ်ချက်များ
- BA ဘွဲ့ရရှိပြီးသူများအနေဖြင့် ဘွဲ့ရသည့် အချိန် ၁၀ နှစ်ထက် နောက်မကျသူ
- Master ဘွဲ့ရရှိပြီးသူများအနေဖြင့် ၇ နှစ်ထက် နောက်မကျပဲ ဘွဲ့ရရှိထားသူ၊ Ph.D ဘွဲ့ရရှိပြီးသူများအနေဖြင့် ငါးနှစ်ထက်ပိုပြီး ဘွဲ့ရရှိပြီးချိန် နောက်မကျသူ
- ဒေါက်တာဘွဲ့ရရှိပြီးသူများအပြင် တက္ကသိုလ်ကျောင်းသား၊သူများပါ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
- သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ယှဉ်ပြိုင်သူအားလုံးကို စိစစ်ကာ တာဝန်ယူထားသည့် သက်ဆိုင်ရာနိုင်ငံမှ အဖွဲ့အစည်းများကို ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။
လျှောက်လွှာတင်ရန် လိုအပ်ချက်များ
လျှောက်လွှာတင်မည့်သူများအနေဖြင့် www.falling-walls.com/lab/apply ယခုလင့်မှတစ်ဆင့် ပါဝင်လျှောက်ထားနိုင်ပါသည်။
Personal Data ကိုယ်ရေးအကျဉ်း
- မိမိ၏ပညာအရည်အချင်းနှင့် ရရှိခဲ့ဖူးသည့် ဆုများ
- Motivation Letter
- မိမိအိုင်ဒီယာအား တင်ပြထားသည့် ပါဝင်ယှဉ်ပြိုင်မည့် အကြောင်းအရာ
- Falling Wall အကြောင်းကိုမည်သည့်နေရာမှ သိသနည်းဆိုသည့် ဖော်ပြချက်
- ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သုံးမိနစ်စာ presentation ကိုပြင်ဆင်ရမှာဖြစ်ကာ အဆိုပါ PPT Slide သုံးခုတွင် မိမိအကြောင်း၊ တင်ပြမည့် presentation ၏ ခေါင်းစဉ်အပါအဝင် အကြောင်းအရာများ ပါဝင်ရမည်ဖြစ်ပါသည်။
အကျိုးကျေးဇူးများ
- Falling walls မှတစ်ဆင့် အရွေးချယ်ခံရကာ အနိုင်ရရှိမည့် ပြိုင်ပွဲဝင်အနေဖြင့် နိုင်ငံတကာ စွန့်ဦးတီထွင်များနှင့် ပညာရှင်များ၏ အဆက်အသွယ်ရရှိမည်ဖြစ်ပါသည်။
- ထူးချွန်သည့် သုတေသနပညာရှင်များနှင့်အတူ မိမိ အိုင်ဒီယာအား အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
- နိုင်ငံတကာအဖွဲ့အစည်းများ၏ အထောက်အပံ့ကို ရနိုင်ခြင်း။
- မိမိအတွေးအခေါ်အပါအဝင် မိမိလုပ်ကိုင်နေသည့် လုပ်ငန်းအတွက် ကောင်းမွန်သည့် ဆက်သွယ်မှုကွန်ယက် တစ်ခုတည်ဆောက်လာနိုင်ခြင်း။
- ဘာလင်ကိုသွားမည့်ခရီးစရိတ်နှင့်နေထိုင်စရိတ်အားလုံးကို အပြည့်အဝကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။
- နိုဝင်ဘာ ၈ ရက်နေ့တွင် နိုင်ငံတကာမှတက်ရောက်မည့် ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ထဲတွင် တစ်ယောက်အဖြစ် Lab Finale in Berlin တွင်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး
- နိုဝင်ဘာ ၉ ရက်နေ့တွင် ကမ္ဘာအနှံ့မှ ထင်ရှားသည့် သိပ္ပံညာရှင်များ၏ လက်ရှိ ကျော်လွှားဖြေရှင်းနိုင်သည့် သုတေသနအချက်များကို ၁၅ မိနစ်စာ တင်ပြမည့် Falling Walls Conference သို့တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။