DE

Innovating and Sustaining in the Digital News Media Sector အစီအစဉ်

ပြည်တွင်းက မီဒီယာသမား ၇ ဦးပါဝင်ခဲ့ပါတယ်။
FNF Myanmar

ဂျာမနီက Digital သတင်းပိုင်းဆိုင်ရာအကြောင်းအရာတွေကို ကိုလေ့လာခွင့်ရမယ့် Innovating and Sustaining in the Digital News Media Sector အစီအစဉ်

ဂျာမနီမှာရှိတဲ့ Digital သတင်းဌာနတွေအကြောင်းကို လေ့လာနိုင်ဖို့အတွက် ပြည်တွင်းက ဂျာနယ်လစ် ၇ ဦးက သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ဂျာမနီနိုင်ငံဘာလင်မြို့ မှာ သွားရောက်နေတာဖြစ်ပါတယ်။

ပြည်တွင်းမီဒီယာတွေဖြစ်တဲ့ Irrawaddy , Mizzima, Myanmar now, DVB, Myitkyina News, The Voice , Myanmar Times တို့က သတင်းသမားတွေက သြဂုတ်လ ၁၀ ရက်နေ့မှာ ဂျာမနီကို သွားရောက်ဖို့ မြန်မာနိုင်ငံကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။

သူတို့ ရဲ့ ခရီးစဉ်မှာဂျာမနီက သတင်းဌာနကြီးတွေဖြစ်ကြတဲ့ WELT Newsroom , Axel Springer Akademie တို့ကို လေ့လာခဲ့ကြပါတယ်။

ဒါ့အပြင် အနာဂတ်ရဲ့မီဒီယာက ဘယ်လိုဖွ့ံ့ဖြိုးလာနိုင်တာလဲဆိုတာလဲ သတင်းတွေကို အနာဂတ်မှာလူတွေက ဘယ်လိုပုံစံနဲ့စားသုံးကြတော့မလဲ ဆိုတာတွေကို ဂျာမနီသတင်းဌာနတွေက ကျွမ်းကျင်သူတွေကနေ ဆွေးနွေးပေးမယ့် အစီအစဉ်တွေကိုပါ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ကို FNFMyanmar ကနေ ပံ့ပိုးပေးတာဖြစ်ပြီးတော့ ဖွံဖြိုးပြီးနိုင်ငံတစ်ခုရဲ့ Digital News Era မှာဘယ်လိုလုပ်ဆောင်နေတယ်၊ မြန်မာနိုင်ငံမှာ ဘယ်လိုပြောင်းလဲအသုံးချလို့ရနိုင်မလဲဆိုတာကိုပါ လေ့လာခွင့်ရနိုင်မယ်လို့  မေ ျှာ်လင့်မိပါတယ်။

FNF Myanmar