women to women
ကော်ဖီစေ့များကြားထဲက အမျိုးသမီးတစ်ဦး
“ကော်ဖီလှော်ရင်းနဲ့ရှာတွေ့လာတာက တရားထိုင်သလိုပဲ။ ကော်ဖီလှော်နေရင်း၊ ကော်ဖီစေ့ရွေးနေရင်းနဲ့ အချိန်ကုန်ရတာက အမအတွက် တခြားကမ္ဘာမှာဘာကိစ္စမှ မရှိတော့သလိုပဲ။ ကော်ဖီေကာင်းတယ်၊ ထိုင်လို့မကောင်းဘူး။ ကော်ဖီ မကောင်းဘူး၊ ထိုင်လို့ကောင်းတယ် အဲ့ ၂ ခုက ဆုံဖို့ ခက်တယ်” မမေချို
ဒီတစ်လရဲ့ women to women အစီအစဥ်မှာ corporate ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်လုပ်ငန်းကို ကူးပြောင်းလာခဲ့သူ၊ ကော်ဖီစေ့တွေကို ခံစားချက်နဲ့ ဖန်တီးဖျော်စပ်သူ အမျိုးသမီးတစ်ဦးရဲ့ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ အမနာမည်နဲ့ အလုပ်အကိုင်ကို အရင်မိတ်ဆက်ပေးပါဦး။
ဖြေ။ ။ အမကမမေချိုပါ။ unilever မှာ ၅ နှစ်လုပ်ခဲ့ပါတယ်။ café Deja brew ကို ၂၀၁၉ မှာစဖွင့်ခဲ့ပါတယ်။ အခုလာမယ့် ဖေဖော်ဝါရီဆိုရင် သက်တမ်းက ၅ နှစ်ရှိပါပြီ။ အမကအရင်က unilever ဘန်ကောက်ရုံးမှာအလုပ်လုပ်ပါတယ်။ မြန်မာပြည်ရုံးအတွက် မြန်မာပြည်နဲ့ ပတ်သက်တာတွေလုပ်ရသလို key account တွေလည်း လုပ်ရတာပေါ့။ Unilever မှာ training, sales and marketing ပိုင်းတွေလုပ်ရတာပေါ့။ အတွေ့အကြုံတွေက အများကြီးမရှိပေမယ့် တနေရာမှာ တစ်ခုတည်းနဲ့ ဇောက်ချလုပ်ခဲ့တာပေါ့။ ၅ နှစ်လုံးအလုပ်လုပ်ပြီး အလုပ်လုပ်ပြီး ကော်ဖီဆိုင
မေး။ ။ Unilever လိုကုမ္ပဏီကြိးကနေ အလုပ်ထွက်ပြီး ကိုယ်ပိုင်အလုပ်စလုပ်ဖို့ဘယ်အရာက တွန်းအားပေးခဲ့တာလဲ?
ဖြေ။ ။ Unilever မှာအမအတွက်က သင်ယူစရာအများကြီးရခဲ့တယ်။ multi-cultured ဖြစ်တယ်။ အစားအသောက်အပိုင်းတွေကို အမြဲကြည့်ရတယ်။ အလုပ်ကသင်ယူရတယ်။ ဒါပေမယ့်အမဘာဖြစ်လာလဲဆိုတော့မနက်ရုံးသွားတယ်၊ ရုံးပြန်တယ်၊ laptop လေးနဲ့ကြည့်နေရတော့ အရမ်းကို stable ဖြစ်လွန်းတယ်။ excitement မရှိဘူး။အချိန်တန်ရင် ပိုက်ဆံရတယ်ဆိုတော့ အဲ့ဒီမှာအမက weekend တွေဆိုကော်ဖီဆိုင်ထိုင်တွေပတ်ထိုင်တယ်။ စာလုပ်ရင်းနဲ့မှ ဘယ်လိုအချိန်ဖြုန်းရမလဲ တွေးပြီး ဘယ်နိုင်ငံခရီးထွက်ရမလဲတွေးပြီး လျှောက်သွားရင်းနဲ့မှ coffee culture တွေမြင်လာတယ်။ အဲ့ကနေမှ ဒီတိုင်းကြီးနေရင်ပျင်းစရာကြီးဆိုပြီး risk ယူချင်စိတ်ဖြစ်လာပြီးမှ မြန်မာပြည်ပြန်ရတော့မယ့်အချိန် ရန်ကုန်ရုံးကို ပြန်ရတဲ့အချိန်မှာ ကော်ဖီဆိုင်တွေထိုင်ပြီးစိတ်ကူးတွေ ယဥ်နေရင်းမှ အချိုးအကွေ့အသစ်တစ်ခုကို စတင်ပြီး ကော်ဖီဆိုင် စဖွင့်ခဲ့တာပါ။ ၃၇ လမ်းဆိုင်က ပထမဆုံးပါ။ ၂၀၀၁၈ တစ်နှစ်လုံးကို ကော်ဖီအကြောင်းလေ့လာတယ်။ စိုက်တာ၊ လှော်တာကစလို့ အကုန်လိုက်လေ့လာတယ်။ များသောအားဖြင့်က ကော်ဖီကို supplier ဆီကယူတယ်၊ အဲ့လိုဖွင့်ကြတာများတယ်ပေါ့။ အမကကျတော့ တစ်နှစ်တာလုံးလေ့လာခဲ့တာရယ်၊ အကူညီပေးခဲ့တဲ့သူတွေရယ်ကြောင့် ဆိုင်ဖွင့်တာအပြင် process ကို သေချာလုပ်ပြီးဖွင့်တော့ ကိုယ့်အလုပ်ပေါ်ပိုနားလည်သွားခဲ့တယ်။ ဆိုင်ရှင်တစ်ယောက်ရဲ့ ကော်ဖီစေ့အပေါ်ထားတဲ့ စိတ်ကမှ ကော်ဖီဆိုင်တစ်ဆိုင်ရဲ့အသက်ပဲ ဆိုတာ ပိုနားလည်လာတယ်။
မေး။ ။ စစချင်းဆိုင်စဖွင့်တဲ့အခါမှာ ဘာစိန်ခေါ်မှုတွေကြုံရလဲ?
ဖြေ။ ။ confidence ကလေ ကျလိုက်၊တက်လိုက်တော့ ဖြစ်တယ်။ ငါလုပ်တာဖြစ်ပါ့မလား? ကော်ဖီစက်တွေရွေးနေရင်းနဲ့ ငါလုပ်နေတာ မှန်ကောမှန်ပါ့မလားဆိုပြီးဖြစ်လိုက်နဲ့ အတွေးတွေများပြီး ငါလုပ်နေတာမှန်ရဲ့လား?ပုံမှန်ဆိုလစာလေးရနေရဲ့သားနဲ့ အခု တောထဲကခြံထဲမှာကော်ဖီစေ့တွေရွေးနေရတယ်ဆိုပြီး ပျော်လားဆိုပြီး တွေးရင်းနဲ့က excitement က အဲ့နားမှာရှိတာ။ ငါလုပ်နိုင်ခဲ့တာ ရလာဒ်က မထွက်သေးဘူးဆိုပြီး ယုံကြည်မှုက ပေါ်လိုက်ပျောက်လိုက်က အဲ့နေရာမှာဖြစ်တာ။ ကော်ဖီစက်လည်း ဝယ်ပြီးပြီ။ ကော်ဖီစေ့တွေကလည်း ငါ့အကြိုက်ပဲဆိုတာကို ရတဲ့အချိန်မှာက ဆိုင်ခန်း၊ဝန်ထမ်းနဲ့ နေရာလေးပဲကျန်တော့တယ်ဆိုတဲ့ အချိန်မှာ ငါလုပ်နေတာလေးပုံပေါ်နေပြီဆိုပြီး စိတ်ကျေနပ်သွားတယ်။ နောင်တတော့မရဘူး။ အဲ့အချိန်လေးကိုပဲ ဖြတ်ပြီးတဲ့အချိန်မှာပြီးသွားတာပဲ။
မေး။ ။ corporate life ကနေ ကိုယ်ပိုင်အလုပ်ကိုလုပ်တဲ့ဆီကနေ ကိုယ်ပိုင်အလုပ်ပြောင်းတဲ့အချိန်မှာ ဘာကြောင့် ကော်ဖီဆိုင်ကို ဖွင့်ဖြစ်သွားတာလဲ?
ဖြေ။ ။ တစ်ယောက်ချင်းစီမှာကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်သက်ေတတွေတော့ရှိကြမှာပဲ။အမကတော့ ကိုယ်ဘာကြိုက်လဲမသိသေးခင်မှာ ကိုယ်ဘာကို မကြိုက်လဲတော့ သိတယ်။ ကိုယ်ဘာကိုမပျော်လဲတော့သိရမယ်။ ဖက်ရှင်တို့ အလှအပတို့ အမကမသိသလို လူအများကြီးနဲ့ အလုပ်လုပ်ရတာ၊စကားပြောရတာကို မပြောချင်တော့တာတို့ ရှိတော့ ငါနေချင်တာတော့ ဒီလိုနေချင်တာဆိုတာ၊ အေးချမ်းတာက ဘာဆိုတာ ပျော်ချင်တာမဟုတ်ဘဲ သက်တောင့်သက်တာ နေချင်တာက ငါဆိုင်တွေထိုင်တိုင်း၊ ကော်ဖီလေးတွေသောက်တိုင်းရတဲ့အခါ passion က အဲ့မှာစတာ။ နှစ်ဘယ်လောက်ကြာကြာ အမက ဒီအလုပ်အပေါ်မှာ burn out မဖြစ်သွားတဲ့အရာကို အမက ရွေးထားတာ။
မေး ။ ။ အမရဲ့ corporate life က လူအများကြီးနဲ့ စကားပြောရတဲ့အလုပ်ပေမယ့် တကယ့် ကိုယ်ပိုင်လုပ်တဲ့အခါဘာလို့ ဒီလိုမျိုး အေးချမ်းတဲ့taste ကိုရတဲ့အလုပ်ကိုလုပ်ဖြစ်တာလဲ?
ဖြေ။ ။ လူတွေဆီကသင်ယူရတာ၊ စကားပြောရတာက ကောင်းပါတယ်။ သင်ယူရတဲ့၊စိတ်ညစ်ရတဲ့လူတွေလည်းရှိတယ်။ စိတ်ကုန်စရာလို့တော့ ယူဆလို့မရဘူး။ ငါဘာကြိုက်လဲ၊ ဘာပျော်လဲဆိုတာကို ပိုရှာတွေ့လာတော့ ကော်ဖီလှော်ရင်းနဲ့ရှာတွေ့လာတာက တရားထိုင်သလိုပဲ။ ကော်ဖီလှော်နေရင်း၊ ကော်ဖီစေ့ရွေးနေရင်းနဲ့ အချိန်ကုန်ရတာက အမအတွက် တခြားကမ္ဘာမှာဘာကိစ္စမှ မရှိတော့သလိုပဲ။ ကော်ဖီေကာင်းတယ်၊ ထိုင်လို့မကောင်းဘူး။ ကော်ဖီ မကောင်းဘူး၊ ထိုင်လို့ကောင်းတယ် အဲ့ ၂ ခုက ဆုံဖို့ ခက်တယ်။ အမက ကော်ဖီဆိုင်တွေလိုက်ထိုင်နေတာက ကလေးအလုပ်လို့ မြင်လာပြီး ကော်ဖီသောက်ရင်းနဲ့မှ တစ်နေရာကို စွဲလမ်းပြီး ဆက်ထိုင်ဖို့က ခက်တယ်။ နောက်ကျတော့ အဲ့ဆိုင်မှာထိုင်တယ်၊ အဲ့ေကာ်ဖီကို သောက်တယ်၊ အဲ့ကော်ဖီက စေတနာနဲ့ကော်ဖီတစ်ခွက်ဖြစ်ပြီး အမတို့စိတ်ကို ရောက်တယ်ဆိုတာကိုရှာတွေ့ပြီးတော့မှ ကော်ဖီဆိုင်ကို လိုက်ထိုင်တဲ့သူတွေအတွက် အမဆိုင်က ဖြည့်ဆည်းပေးနိုင်မှ ပေးနိုင်ပေမယ့် ကော်ဖီလည်းကောင်းရမယ်။ နွေးထွေးမှုလည်းရှိရမယ်ဆိုတာကို လုပ်ချင်ခဲ့တာဆိုတော့ အမလိုချင်တဲ့ဟာကို ရှာရင်းနဲ့ ဆိုင်လေးဖန်တီးခဲ့တာပါ။
မေး။ ။ corporate life က ဘယ်အချက်တွေက ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ အထောက်အကူဖြစ်စေခဲ့လဲ?
ဖြေ။ ။ ဟိုဘက်ကတော့ team work ဖြစ်တယ်။ အရာရာက စနစ်တကျရှိတယ်။ အဲ့ဟာတွေက ဒီဘက်မှာ တစ်ယောက်တည်းလုပ်ရတဲ့အခါကျတော့ အဆင်သင့်ဖြစ်နေတဲ့နေရာကနေ အကုန် စလုပ်ရတဲ့အခါ အဲ့အချိန်မှာ ယုံကြည်မှုက on and off ဖြစ်တယ်။ အမထင်တာတော့ ကောင်းတာတွေသယ်လာတဲ့ထဲမှာစည်းကမ်းကျတာ၊commitment ဖြစ်တာ၊ ပေါင်းသင်းဆက်ဆံရေးတွေက ပါလာပြီးတော့ ကိုယ့်ရဲ့ performance ပိုင်းက အခုကိုယ်ပိုင်လုပ်မှ ဆွဲဆန့်လိုက်သလို ဖြစ်လာတာ။
မေး။ ။ ပထမဆုံးကိုယ်ပိုင်ဆိုင်စဖွင့်တဲ့အချိန်မှာ ဘယ်လိုခံစားချက်ဖြစ်လဲ?
ဖြေ။ ။ ဆိုင်လေးပုံပေါ်တော့ပျော်တယ်။ ငါရောင်းမှရောင်းရပါ့မလားဆိုတာထက် ဖြစ်ပါ့မလား? လူတွေသောက်ပါ့မလား အတွေးတွေများတာပေါ့။ ကော်ဖီတွေ လာသောက်တော့ပျော်တာပေါ့။ ငါလုပ်နိုင်တာပဲပေါ့။ ခမ်းခမ်းနားနားကြီးဆိုတာထက် အိမ်ကဖေးလေးမှာပဲ သက်တောင့်သက်သာလာသောက်လို့ရတယ် ဆိုတာလေးကို လက်ခံလာတယ်။ ကျေနပ်ပြီး ယုံကြည်မှုတွေတက်လာတယ်။ အခက်အခဲတွေက နောက်မှ လာတာပေါ့။ ဝန်ထမ်းတွေ စီမံရတာ၊ အရည်အသွေး၊ စားသုံးသူတွေ ပေါ့။ အဲ့ ၃ ခုက တစ်ခုပြီးတစ်ခုဖြည့်ရတယ်။ ငွေကြေးအလုံးအရင်းကြီးနဲ့ ဝင်လာတာမဟုတ်တော့ တဖြည်းဖြည်းနဲ့ ပြင်လာရတာပေါ့။ လစ်ဟာတာတွေတော့ရှိတာပေါ့။
မေး။ ။ ကိုယ့်ရဲ့ coffee industry မှာဘယ်လို သိသာထင်ရှားနေအာင် ကြိုးစားရလဲ?
ဖြေ။ ။ဆိုင်တွေပိုများလာတာကို အမက ပျော်တယ်။ ပိုပြီးကြိုဆိုတယ်။ တစ်ဆိုင်နဲ့တဆိုင်က မတူဘဲ ထူးခြားနေတာကို အမကလက်ခံတယ်။ ကော်ဖီဆိုင်အပြင်အဆင်ကိုအမက ရိုးရိုးရှင်းရှင်းပဲ ထားတယ်။
မေး။ ။ ကော်ဖီဆိုင်ဖွင့်တယ်ဆိုတာက လူတိုင်းကဖွင့်ချင်ကြတယ်ပေါ့နော်။ အမက လူတွေ ဖြစ်ချင်၊ ဖွင့်ချင်ကြတဲ့ ဆိုင်လေးကို ဖွင့်ထားတော့ အဲ့ဒါနဲ့ လက်တွေ့ လုပ်ငန်းခွင်က တူလား? ဘာကွာသွားလဲ?
ဖြေ။ ။ အမတို့ကျေတာ့ business for living လုပ်တဲ့အခါ ပိုပြီး သစ္စာရှိလာတော့ ထင်သလောက် စိတ်ကူးယဥ်လို့တော့မရဘူး။ ငါ့အလုပ်က ကျေနပ်စရာကောင်းပါလားဆိုပြီးတော့ အမြဲတမ်း ကျေးဇူးတင်မိတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်ကော်ဖီကိုသောက်ပြီးမှ ကိုယ့်ရဲ့ ကော်ဖီဆိုင်လေးကို သွားရတဲ့ မနက်ခင်းလေးက လူဖြစ်ရကျိုးနပ်တယ်လို့တော့ခံစားမိတယ်။ တနေ့မှာ business for hobby လိုမျိုး နေရမယ့် နေ့ကို ရောက်လာရင် ဒီအလုပ်က တကယ့်ကိုချစ်စရာအကောင်းဆုံးပဲ။ ကိုယ်သောက်တဲ့ cappuccino က ဘယ်လိုလာတာလဲ? ဘယ်လိုဖျော်တာလဲ ဒါက ပဲ ကိုယ့်ရဲ့ခံစားချက်ကိုပေးတာပေါ့နော်။
မေး။ ။ ကိုယ်ပိုင်အလုပ်လုပ်တယ်ဆိုတာ ငွေကြေးအင်အားရှိမှ အောင်မြင်တာလို့ ပြောကြတယ်။ အမ အနေနဲ့ ကော ဘယ်လိုမြင်လဲ?
ဖြေ။ ။ အမ အလုပ်ထွက်ခဲ့တုန်းက ငွေကြေးအင်အားတစ်ခုတော့ စုမိတာရှိခဲ့တယ်။ ဒါပေမယ့် ဘယ်လောက်ပဲရှိခဲ့ပါစေ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိဖို့လိုတယ်။ ကြက်ဥတွေကို တစ်ခြင်းထဲထည့်ရင်က အကုန်ကွဲမှာပဲလေ။ အမ လုပ်နိုင်တာကို အရင်လုပ်တယ်။ ငွေတွေပုံအောမလုပ်ဘူး။ အပင်ပန်းခံပြီးကြိုးစားခဲ့တဲ့အခါမှာ ငွေရေးကြေးရေးအသိအမှတ်ပြုမှုတစ်ခုရလာတော့ အမ အနေနဲ့ အခုထိ တောင့်ခံနိုင်တာပေါ့နော်။
မေး။ ။အမအနေနဲ့ coffee industry က ဘယ်လို ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ထင်လဲ?
ဖြေ။ ။ ကိုဗစ်အပြီးမှာ အရှေ့တောင်အာရှတင်မက ကမ္ဘာလုံးမှာ အစားအသောက်လုပ်ငန်းက နံပတ်တစ်ထဲမှာပါနေတယ်။ အမတို့ရဲ့ စားစရာသောက်စရာနယ်ပယ်က ကိုဗစ်အပြီးမှာ ငါတို့ မသေဘူး ပျော်ပျော်နေမယ်ဆိုတဲ့ စိတ်ကဝင်သွားလားမသိပါဘူး။ industry က လုံးဝကို တိုးတက်လာတာ။ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။ လူတွေရှိရင် ဆိုင်တွေက ရှိမှာပဲ။ ပိုပြီးတိုးတက်လာမယ့် အရာလို့ အမက မြင်ပါတယ်။
မေး။ ။ အမျိုးသမီးတွေအတွက် women to women အစီအစဥ်ဖြစ်တော့ အမ အနေနဲ့ ဘာများပြောချင်ပါသေးလဲ?
ဖြေ။ ။အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက် care လုပ်ပြီးတော့ လက်တွဲတယ်။ ကြင်နာတယ်။ အမတို့တွေကို sexist jokes တွေလုပ်ခံရပေမယ့်ကိုယ်အားနည်းတဲ့အခါမှာ အချင်းချင်း က ဖေးမကြတယ်။ မိန်းမတစ်ယောက်ရဲ့သန်မာမှုကို မြင်ရတဲ့အခါမှာ အမအနေနဲ့ဆိုရင်အားရတယ်။ အမတို့က caring and sharing ကိုကြင်နာခြင်းကနေ သွားကြတယ်။ ပိုပြီးတစ်ယောက်နဲ့ တစ်ယောက်ချိတ်ဆက်လုပ်ရင်ပိုကောင်းတဲ့ အရာတွေပဲ ရမှာပါ။ အမကို အသိအမှတ်ပြုပြီး မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။