DE

လူ့အခွင့်အရေး ကတ်ဂိမ်းအား စတင်မိတ်ဆက်

လူ့အခွင့်အရေးကို ပိုမို သဘောပေါက်စေရန် ရည်ရွယ်ပါသည်
FNF Myanmar

Friedrich Naumann Foundation Myanmar မှထုတ်လုပ်သည့် လူ့အခွင့်အရေး ကတ်ဂိမ်း(Rights Card Game) မိတ်ဆက် ခြင်းကို အောက်တိုဘာ ၃၀ ရက်နေ့ မန္တလေး မြို့ ရှိ Mercure Hill Resort hotel   ၊ နို၀င်ဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ lotte  ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

လူ့အခွင့်အရေး ကဒ်ဂိမ်းဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းတွင် ပါဝင်သည့် အချက်များကို အများပြည်သူ သိရှိသဘောပေါက်နားလည်လွယ်စေရန် ကဒ်ဂိမ်းဖြင့် ထုတ်လုပ်ခြင်းဖြစ်သည်။

ကတ်ဂိမ်းတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်များ ဖြစ်သည့် (လူတိုင်းတွင် မိမိကိုယ်ပိုင်လွတ်လပ်ခွင့်၊ မိသားစုနှင့် ဂုဏ်သိက္ခာ အတွက် ဥပဒေမှ အကာအကွယ်ပေးမှု ရရှိရန် အခွင့်အရေးရှိသည်။

လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ြကံဆပိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်၀င် ကိုးကွယ်ယုံကြည်ခွင့်ရှိသည် )ဆိုသည့် အချက်များကို ထည့်သွင်းထားကာ လူ့အခွင့်အရေးကို ပိုမို သဘောပေါက်စေရန် ရည်ရွယ်ပါသည်။

“ ဂိမ်းရဲ့ အဓိကရည်ရွယ်ချက်က လူငယ်တွေကို လူ့အခွင့်အရေးအချက်အလက်တွေ နဲ့ပါတ်သက်ပြီး ဒီဂိမ်းကစားကနေ တစ်ဆင့် ပညာပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီဂိမ်းကို သင်ကြားရေးအနေနဲ့ လည်းသုံးနိုင် သလို အခြားသော သင့်တော်တဲ့ သင်ထောက်ကူအနေနဲ့လည်း ထည့်သွင်းသင်ကြားနိုင်စေဖို့ ရည်ရွယ်ပါတယ်။  “ ဟု Friedrich Naumann Foundation Myanmar မှ Executive Programme Manager ကိုအောင်သူဟိန်းမှ ပြောကြားခဲ့ပါသည်။

“ Rights Card “ ကစားနည်းမှတစ်ဆင့် တစ်ဦးတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်များကို ပိုမိုသိရှိစေရန်မှာ အဆိုပါဂိမ်းအားထုတ်လုပ်ရခြင်း ၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

အဆိုပါကဒ်ဂိမ်းတွင် ဖြစ်စဥ်ကဒ် ၃၀ ကဒ် ၊ဖြေရှင်းနည်းကဒ် ၃၆ ကဒ်၊ မစ်ရှင်ကဒ် ၂၀ ကဒ် ၊

အညွှန်းစာရွက်တို့ပါ၀င်မည်ဖြစ်သည်။

Friedrich Naumann Foundation Myanmar မှ အဆိုပါကတ်ဂိမ်းကို နောင်အနာဂါတ်တွင်လည်း မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

Rights Card ဂိမ်းကို တရားရေး၀န်ကြီးဌာန ၊အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ကာကွယ်ရေးဌာန နှင့် Friedrich Naumann Foundation တို့မှ ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်ပါသည်။

FNF Myanmar

Rights Card Game Launching