DE

မြန်မာလူငယ်များအတွက် ဒီမိုကရေစီနိုင်ငံရေး၊ လစ်ဘရယ်တန်ဖိုးများနှင့် သုတေသနနည်းစနစ

FNF Myanmar

လစ်ဘရယ်ဒီမိုကရေစီအကြောင်းကို သင်ယူသော ၆လကြာ သင်တန်းတစ်ခုကို FNF Myanmar နှင့် ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတို့ ပူးပေါင်းပြီး ပြုလုပ်ပေးခဲ့သည်မှာ ဇူလိုင်လ ၃၀ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ သင်တန်းကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပို့ချပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကို ဆရာ Bart Verheijen မှ ဦးဆောင်ခဲ့ပြီး သင်တန်းသား ၁၀ယောက် တက်ရောက်ခဲ့ကြသည်။

၆လကြာ ယခုသင်တန်းတွင် သင်တန်းသားများသည် လစ်ဘရယ်ဝါဒအခြေခံသဘောတရားများ၊ လစ်ဘရယ်ဒီမိုကရေစီ၏ အခြေခံသဘောတရာများနှင့် သုတေသနနည်းစနစ်ဆိုင်ရာ သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ခဲ့ကြသည်။

ယခုသင်တန်းပြီးမြောက်ခါနီးတွင် သင်တန်းသားများအနေဖြင့် မြန်မာ့နိုင်ငံရေး၊ လစ်ဘရယ်အယူဝါဒနှင့်ဆက်စပ်သည့် အကြောင်းအရာများအပေါ်တွင် အခြေခံပြီး စာလုံးရေ ၃၅၀ဝ ခန့်ပါဝင်သည့် စာတမ်းများကိုလည်း ရေးသားတင်ပြခဲ့ကြပါသည်။

ဇူလိုင်လ ၃၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲတွင် အဆိုပါ စာတမ်းများကို ဟောပြော တင်ပြခဲ့ကြပြီး အပြန်အလှန်မေးခွန်းများဖြင့်လည်း ဆွေးနွေးခဲ့ကြသည်။ ယခုစာတမ်းများကို စာအုပ်အဖြစ်ထုတ်ဝေနိုင်ရန် စီစဉ်လျှက်ရှိပါသည်။ 


YSPS အနေဖြင့် FNF ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ယခုသင်တန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောင်တွင်လည်း FNF နှင့်ပူးပေါင်းပြီး လစ်ဘရယ်ဝါဒအပေါ်အခြေခံသည့် သင်တန်းများ၊ အခမ်းအနားများကို YSPS မှ ပူးပေါင်း လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။