DE

မြန်မာနိုင်ငံ သမ္မတများ

Myanmar
SST


၁။ သမ္မတစဝ်ရွှေသိုက်(၁၈၉၆-၁၉၆၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ လေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၂.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။ သမ္မတ စဝ်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ
စဝ်ချုံ၊အမိ ဒေါ်စဝ်နန်းဆာတို့မှ ဖွားမြင်သည်။
ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်သည်။ စဝ်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************

BU

၂။ သမ္မတ ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ သည်။ သမ္မတ တာဝန်ကို (၁၂.၃.၁၉၅၂)မှ (၁၂.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့သည်။ ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့ သည်။
ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

 ******************************

MWM

၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ မန်းဝင်းမောင်ကို ၁၉၁၆ခု၊ ဧပြီလ၊ ၁၇ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ တို့မှ ဖွားမြင်ခဲ့သည်။ ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။

 ******************************

NW

 ၄။ဦးနေဝင်း(၁၉၁၁-၂၀ဝ၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေဝင်းကို ၁၉၁၁ခု၊ မေလ၊၂၄ရက်၊ ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ ဦးနေဝင်းသည် တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းအဖြစ် (၂ မတ် ၁၉၆၂) (၄ မတ် ၁၉၇၄) အထိ တာဝန်ယူခဲ့ပြီး နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းအဖြစ် (၄ မတ်လ ၁၉၇၄) မှ (၉ နိုဝင်ဘာလ ၁၉၈၁) အထိ တာဝန်ယူခဲ့ပါသည်။ ဦးနေဝင်းသည် (၅.၁၂.၂၀ဝ၂) အသက် ၉၂နှစ် တွင်ကွယ်လွန်ခဲ့သည်။

 ******************************

SY

၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ ဦးစန်းယုကို ၁၉၁၈ခုနှစ် မတ်လ ၃ရက် တနင်္ဂနွေနေ့၊ ပြည်ခရိုင်၊ သဲကုန်းမြို့ တွင် အဖဦးစံဖေ၊ အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။ ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။

 ******************************

 

 ၆။ဦးစိန်လွင်(၁၉၂၄-၂၀ဝ၄)
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၂၇.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ကို ၁၉၂၄ခုနှစ် ဇန်နဝါရီလ ၂၇ရက် တနင်္ဂနွေနေ့ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊ အမိ ဒေါ်မာကြီးမှ ဖွားမြင်လေသည်။ ။ ဦးစိန်လွင်သည် (၉.၄.၂၀ဝ၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************

MM

 ၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု ဇန်နဝါရီလ ၃၁ရက် စနေနေ့ မန္တလေးမြို့တွင် အဖဦးဆင့် အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။ တစ်ဦးတည်းသောသားဖြစ်သည်။ ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။

******************************
 

TS

 ၈။ဦးသိန်းစိန်(၁၉၄၅-)

 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။ ၂၀ဝ၈ခု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။ (၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို ထမ်းဆောင်စတင်ထမ်းဆောင်ခဲ့သည်။ ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်သည် ၃၁ မတ်လ ၂၀၁၆အထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။

HK

၉။ဦးထင်ကျော် (၁၉၄၆-)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ လက်ရှိ သမ္မတဖြစ်သည်။ ၁ ဧပြီလ ၂၀၁၆တွင် သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ သမ္မတ ဦးထင်ကျော်ကို ၁၉၄၆ ဇူလိုင်လ ၂၀ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

------------------------------------------------------------

 ဒုတိယသမ္မတ ဦးအေးကို

ဦးအေးကိုသည် ၁၉၈၅ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့တွင် သမ္မတ ဦးစန်းယု၏ ဒုသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ၂၅ ဇူလိုင် ၁၉၈၈ တွင် သမ္မတ ဦးစန်းယု နုတ်ထွက်သွားပြီးနောက် ၂၇ ဇူလိုင် ၁၉၈၈တွင် သမ္မတ ဦးစိန်လွင် ရာထူးတာဝန် စတင်ထမ်းဆောင်သော အခါ ဒုတိယ သမ္မတအဖြစ်ပင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၂ သြဂုတ် ၁၉၈၈ တွင် သမ္မတ ဦးစိန်လွင် နုတ်ထွက်သွားသောအခါ ဒုတိယသမ္မတ ဦးအေးကိုကပင် နိုင်ငံတော် အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ဒုတိယ သမ္မတ ဦးအေးကိုသည် ဒေါက်တာမောင်မောင် သမ္မတအဖြစ် စတင် တာဝန်ယူချိန် ၁၉ သြဂုတ် ၁၉၈၈ အထိ ရက်သတ္တပတ် တစ်ပတ်ကြာ နိုင်ငံတော် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။