DE

မြန်မာနိုင်ငံအပေါ်တရုတ်နိုင်ငံ၏ အခန်းကဏ္ဏ မြင့်တက်လာမှုအကြောင်း

FNFMyanmar

ဂျာမနီနိုင်ငံ လွှတ်တော်မှ လစ်ဘရယ်နိုင်ငံရေးသမားများ၏ ဖွံ့ဖြိုးမှုမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Christoph Hoffman မှတရုတ်နိုင်ငံအကြောင်းကို နို၀င်ဘာ ၂၃ ရက်နေ့တွင် ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံအပေါ်တရုတ်နိုင်ငံ၏ အခန်းကဏ္ဏ မြင့်တက်လာမှုအကြောင်းကို သတိပေးခဲ့ပါသည်။

 အထူးသဖြင့် မြန်မာနိင်ငံအနေ ဖြင့် ရိုဟင်ဂျာအရေး နှင့်ပတ်သက်ကာ အမြန်ဆုံးရပ်တန့်ရန်လိုအပ်ပြီး  လူနည်းစုများအား ကာကွယ်ပေးရန်နှင့်  မြန်မာနှင့် EU  နိုင်ငံများအနေဖြင့် အနေဖြင့် အဆိုပါ ကိစ္စရပ်အပေါ်တွင် ကိုင်တွယ်ရန် လိုအပ်ကြောင်း ပြော ကြားခဲ့သည်။

EU အနေဖြင့်လည်း နိုင်ငံတွင်းတွင် တိကျသည့် မဟာဗျူဟာမြောက် ချဥ်းကပ်မှုလိုအပ်ပြီး EU ၏ရင်းနှီးမြှပ်နှံမှုများကို ထောက်ပံ့ပေးနိုင်ရန်နှင့်  စေ◌ျးကွက်စီးပွားရေးနှင့် လူ့အခွင့်အရေးကို အလေးပေးသည့် ဒီမိုကရေစီ သည် အရေးကြီးကြောင်းပြသရန်လိုအပ်သည်။
ရေရှည်တွင်လည်း နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်မှု ပူးပေါင်းခြင်းအားဖြင့် ရေရှည်တည်တံ့နိုင်ပါလိမ့်မည်။

ISP Myanmar ၏ China Desk အကြီးအကဲ ဖြစ်သူ ဒေါ်ခင်ခင်ကျော်ကြီးသည် ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများ တွေ့ဆုံသည့် အခမ်းအနားတွင် သူ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် သုတေသနတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု အများစုမှာ အာရှပိုးလမ်းမကြီး စီမံကိန်းနှင့် သက်ဆိုင်မှုမရှိဘဲ အခြား စီမံကိန်းများစွာ ရှိသေးသည်ဆိုသည့်အချက်ကို သူက သတိပေးခဲ့ပါသည်။ ထပ်မံပြီး တရုတ်နိုင်ငံသည် လူမှုမီဒီယာ သာမက သာမန်ရိုးကျ မီဒီယာများမှ တဆင့်ပါ မြန်မာနိုင်ငံရှိ လူများကို လွှမ်းမိုးရန်လည်း ကြိုးစားနေပါသည်။

ဒေါ်ခင်ခင်ကျော်ကြီးအနေဖြင့်လည်း တရုတ် နူိင်ငံက မြန်မာနိုင်ငံရှိ လူအများပေါ်တွင် စံပြတစ်ခုအနေ​ြဖင့် ဖြစ်နေခြင်းအပေါ် ထောက်ပြခဲ့ပါသည်။ အဆိုပါ အခြင်းအရာမှာ တရုတ်သို့ သွားရောက်လည်ပတ်ပြီး စီးပွားရေး ဖွ့ံ ဖြိုးတိုးတက်နေမှုများအပေါ် မြင်တွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများအတွက် မှန်ကန်နိုင်လိမ့်မည်ဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် တရုတ်လွှမ်းမိုးမှုကိုထိန်းချုပ် လိုပါက မြန်မာနှင့် ဒေသတွင်းတွင် ကတိကဝတ်များ ပိုမိုလိုအပ်ပါလိမ့်မည်။

FNF Myanmar မှ ကြီးမှူးကျင်းပသည့် Liberal Development Policy in time of China’s Expansion ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့က Lotte Hotel တွင် ပြုလုပ်ခဲ့ပါသည်။