DE

မြန်မာ့ယှဉ်ပြိုင်မှုကော်မရှင်ရဲ့ဖိလစ်ပိုင်နိုင်ငံလေ့လာရေးခရီးစဉ်မှာ ဘာတွေထူးခဲ့

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရဲ့ ဥက္ကဌဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်နဲ့ ကော်မရှင်အဖွဲ့ဝင် ၁၄ ဦးတို့ပါဝင်ခဲ့ပါတယ်
အတူမြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် က ဖိလစ်ပိုင်နိုင်ငံက ယှဉ်ပြိုင်မှုကော်မရှင် (The Philippine Competition Commission) ထံကို မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သွားရောက် လေ့လာခဲ့ပါတယ်။
MmCC and PCC Commissioners

 FNF Myanmar နှင့် GIZ တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အတူမြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် က ဖိလစ်ပိုင်နိုင်ငံက ယှဉ်ပြိုင်မှုကော်မရှင် (The Philippine Competition Commission) ထံကို မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သွားရောက် လေ့လာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေ ၊ လုပ်ငန်းအစီအစဉ်တွေ အပါအဝင် ယှဉ်ပြိုင်မှုကော်မရှင်က ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ စိန်ခေါ်မှုတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။


ကော်မရှင်အဖွဲ့ဝင်တွေက ဖိလစ်ပိုင်က ကော်မရှင်အဖွဲ့ဥက္ကဌဖြစ်သူ Arsenio M.Balisacan အပါအဝင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပြီးတော့ ကော်မရှင်ရဲ့ တည်ဆောက်ပုံ၊လေ့လာသင်ယူစရာတွေကိုပါ လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ ကော်မရှင်အဖွဲ့ဝင် ၁၁ ယောက်ပါဝင်တာဖြစ်ပါတယ်။