DE

ပထမဆုံးသော podcast စီးရီးကို FNF Myanmar မှ မိတ်ဆက်
ပထမဆုံးသော podcast စီးရီးကို FNF Myanmar မှ မိတ်ဆက်

f

ရွေးကောက်ပွဲနှင့် ဒီမိုကရေစီအကြောင်းအရာများကို ဦးစားပေးတင်ဆက်မည့် ခေတ်မြင်ကွင်းဟု အမည်ရသည့် ပထမဆုံးသော podcast စီးရီးကို  Mohinga Matters အဖွဲ့နှင့်ပူးပေါင်းကာ  FNF Myanmar မှ အောက်တိုဘာလတွင် မိတ်ဆက်ခဲ့ပါသည်။

ခေတ်မြင်ကွင်းဟု အမည်ပေးထားသည့် အဆိုပါ podcast ဟာ မြန်မာ့လူငယ်များ၏နိုင်ငံရေးအပေါ်အတွေးအမြင်နှင့် လူငယ့်အရေးကိုပိုမိုသိ မြင်နိုင်စေရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲနှင့် ဒီမိုကရေစီသမိုင်းကြောင်းကို စိတ်ဝင်စားသူများအတွက်ပညာပေး အစီအစဉ်အဖြစ်လည်း ရည်ရွယ်ပါသည်။

ခေတ်မြင်ကွင်း အစီအစဉ်သည် လူငယ်များ၏နိုင်ငံရေးစကားဝိုင်းများကို ချိတ်ဆက်မှုပြုလုပ်ပေးရန်၊ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး လူငယ်များ၏ နိုင်ငံရေးအတွေးအမြင်များအပေါ် သုတေသနပြုလုပ်သွားရန်လည်း ရည်စူးထားပါသည်။

ပထမဆုံးထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်အယောက် ၅၀ ကိုမေးခွန်းများမေးကာ သုတေသနပြုလုပ်ထားပြီး ဒီမိုကရေစီကိုနားလည်သဘောပေါက်ပုံ၊ လက်ရှိဒီမိုကရေစီစနစ်အပေါ် တွေးမြင်ပုံတို့ကို တင်ဆက်ထားပါသည်။

အောက်ဖော်ပြပါ soundcloud မှတစ်ဆင့် နားထောင်နိုင်ပါသည်။

ယခု podcast အစီအစဉ်ကို သောကြာနေ့ ညနေ ရှစ်နာရီတိုင်းတွင် Mohinga Matters (https://www.facebook.com/mohingamatters) လူမှုကွန်ယက်စာမျက်နှာနှင့် FNFMyanmar(https://www.facebook.com/fnf.myanmar)  စာမျက်နှာတို့တွင် အပတ်စဉ်ထုတ်လွှင့်ပေးမည်ဖြစ်ပြီး အပိုင်း ၁၀ ပိုင်းအထိထုတ်လွှင့်မည်ဖြစ်သည်။