DE

women to women
ရာသီဥတုပြောင်းလဲခြင်းနှင့်အမျိုးသမီးများ

sth

ရာသီဥတုပြောင်းလဲခြင်း နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို လူထုထဲကို အသိပညာပေးနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒီတစ်ပတ်ရဲ့ women to women အစီအစဥ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။​

မေး။ ညမလေး နာမည်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ။ ညမကတော့ သျှားသဲဟွိုင်ပါအသက် က ၂၅ပါ။ အခုက climate change အကြောင်းအရာတွေကို လုပ်ဆောင်နေပါတယ်။ climate action lab Myanmar-CALM ဆိုတဲ့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လူငယ်တွေတပြေးညီသိမြင်နိုင်အောင်နဲ့ နည်းပညာတွေ၊ ဗဟုသုတတွေကိုသိအောင် လူငယ်အချင်းချင်းကပဲ ကူညီရိုင်းပင်းပြီးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့လုပ်ဆောင်နေပါတယ်။ ညမကclimate change နဲ့ပတ်သက်တာတွေကို ၂၀၁၉ လောက်ကစလုပ်ခဲ့တယ်။ အမေရိကန်က(American Center Yangon, ACY) environmental club မှာ စနေနေ့တိုင်း environment နဲ့ပတ်သက်တာတွေဆွေးနွေးပွဲတွေအမြဲတက်တယ်။ အပင်နဲ့ အကောင်တွေနဲ့ပတ်သက်တာကိုအဲ့တည်းကနေ စိတ်ဝင်စားခဲ့ပါတယ်။ biodiversity နဲ့ပတ်သက်တာတွေပေါ့။ အဲ့မှာ ဇီဝမျိုးကွဲတွေက ရာသီဥတုပြောင်းလဲမှုကြောင့် တဖြည်းဖြည်းနဲ့ ပျက်သုန်းလာတယ်ဆိုတာ သိလာတဲ့အခါမှာ အဲ့နောက်ပိုင်းမှာ climate change ကိုပိုပြီးစိတ်ဝင်စားလာခဲ့ပါတယ်။

 

sth

မေး။ ။ ကိုယ်အရင်တုန်းက climate change နဲ့ပတ်သက်ပြီး စစလုပ်တုန်းကနဲ့အခုနဲ့ဆိုရင် ဘယ်အရာတွေကပြောင်းလဲသွားလဲ?​

ဖြေ။ ။​ ညမအရင် 4th year တုန်းက သင်ရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တာတွေ သင်ခဲ့ရတော့ အဲ့အချိန်တည်းကနေတော့ စိတ်ဝင်စားခဲ့ပါတယ်။ အရင်တုန်းကကျတော့ climate change နဲ့ပတ်သက်ပြီး လူတွေသိပ်မသိသေးဘူး။ environmental issue လောက်ပဲလူတွေက သိကြတာ။ American Center မှာသွားနေရင်းနဲ့မှ ပိုပြီးသေချာလေ့လာဖြစ်တယ်။ အဲ့တုန်းကတော့ လူငယ်တွေထဲမှာ climate change နဲ့ပတ်သက်တာက နည်းတယ်။ environment and climate change တွဲလုပ်တာတွေပိုများခဲ့တာပေါ့။ နိုင်ငံတကာမှာဆိုရင်တော့ climate movement တွေလုပ်တယ်။ လူငယ်တွေက environment အကြောင်းတွေလေ့လာရင်းနဲ့မှ climate change ကိုပိုသိလာကြပြီးတော့  climate strike ကိုလုပ်လာကြပြီးတော့ နောက်ပိုင်းမှာ ကိုဗစ်တွေဖြစ်လာကြတော့ ရှားသွားတယ်။ အခုနောက်ပိုင်းတော့မှ event တွေ လုပ်လာကြတယ်။ အရင်ကထက်စာရင်တော့ capacity building နဲ့ပတ်သက်တဲ့workshop တွေပိုလုပ်လာတာကို တွေ့ရပါတယ်။

sth

မေး။ ။ climate change က ဘယ်လောက်ထိ အရေးကြီးလဲ? ညမလေးရဲ့ climate change နဲ့ ပတ်သက်တဲ့ လုပ်ဆောင်နေတာတွေက ဘာတွေဖြစ်မလဲ?

ဖြေ။ ။ ဘယ်လောက်ထိအရေးကြီးလဲဆိုရင်က လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ်မူတည်တယ်။ ညမကတော့ ဒါနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတာ  ၄ှ နှစ်လောက်လည်းရှိပြီဖြစ်တော့ အရမ်းကို စိတ်ပါဝင်စားတယ်။ climate change နဲ့ပတ်သက်ပြီး လူတိုင်းက လုပ်ဆောင်နိုင်တဲ့အရာလို့လည်း မြင်တယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုတာက လူများတွေက သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘာလို့ဆို ဒီမှာက လူအတော်များများက စားဝတ်နေရေးအတွက် ရုန်းကန်ကြရတယ်။ စားဝတ်နေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ရွေးပါဆိုရင်က စားဝတ်နေရေးကိုပဲ ရွေးကြမှာပဲ။ သတိထားမှု knowledge ကအရမ်းနည်းသွားတယ်။ တကယ်ဆိုရင် ပညာရေးဘက်မှာစိတ်ဝင်စားနေသူတွေအနေနဲ့က ဒီ climate change ကိုတိုးပြီးလုပ်ဆောင်သင့်တယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ပတ်သက်တဲ့ လျော့ချရေးတွေ၊ ဘယ်လိုကာကွယ်ကြမလဲ? ဘယ်လို ကာကွယ်သင့်လဲဆိုတာတွေကို သေချာလုပ်ဆောင်တာမရှိလို့ တကယ်ခံစားရပြီဆိုရင်က အဲ့ဒေသအဲ့နေရာက လူတွေက အရင်ခံစားရတာဖြစ်တာကြောင့် ကာကွယ်နိုင်ဖို့အတွက် ဒီအကြောင်းကို စိတ်ဝင်စားတဲ့သူတွေက ပိုပြီးတက်တက်ကြွကြွပါဝင်လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်။ အခု ဒီနှစ်ဆိုရာသီဥတု အရမ်းပူတယ်၊ ပိုပြီးတော့ရေကြီးတယ်။ မိုခါဆိုင်ကလုန်းဝင်တယ်။ ပိုပြီးပြင်းထန်တဲ့ ရာသီဥတုတွေ မိုးခေါင်ရေရှားတာတွေအရမ်းကြုံတယ်။ ဘယ်သူတွေက ထိခိုက်လဲဆို အဲ့နေရာဒေသကပြည်သူတွေသည် အဓိက ထိခိုက်ခံစားရတယ်။ အဲ့ပြသနာတွေကို ဒီနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအကုန် တက်နိုင်သမျှနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်သင့်တယ်လို့လည်း ထင်ပါတယ်။

sth

မေး။ ။ ညမလေး လုပ်နေတဲ့အလုပ်တွေမှာ ဆိုရင် အခက်အခဲတွေကြုံရတဲ့အရာတွေကိုပြောပြပါဆိုရင် ဘာတွေကြုံရလဲ?​

ဖြေ။ ။ climate change နဲ့ပတ်သက်ရင်က လူကြီးတွေက အရမ်းစိတ်ဝင်စားမှုမပြကြဘူး။ တော်တော်များများက နိုင်ငံတကာမှာလည်းဖြစ်တယ်။ မြန်မာမှာလည်း ဖြစ်နေတာပဲဆိုတဲ့ စိတ်ရှိတဲ့သူတွေလည်းရှိတယ်။ နောက်တစ်ခုက လူကြောင့်ဖြစ်ရတဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုပေါ့။ မြန်မာမှာကြုံရတာက ဘာလဲဆိုတော့ climate change.ကို မသိကြတဲ့သူတွေများတယ်။ လုံးဝမသိတဲ့သူတွေကို အခြေခံတစ်ခုကို သေချာတည်ဆောက်ရှင်းပြရဖို့က လိုသွားပြီ။​ နိုင်ငံတကာမှာက climate change, climate action ကို လုပ်နေကြရာကနေ emergency အနေအထား မဖြစ်မနေကို လုပ်ရမယ်ဆိုတဲ့ အနေအထားကို ရောက်လာပြီ။ ကိုယ်တွေမှာက education ပိုင်းကိုအရင်သွားနေရတယ်။ သူတို့ နေ့စဥ်ကြုံတွေ့နေရတဲ့နေ့စဥ်ဘဝမှာ ဒီရာသီဥတုပြောင်းလဲမှုက ဘယ်လိုပတ်သက်နေလဲဆိုတာကို သိအောင်အရင်လုပ်ဆောင်ရတာပေါ့။ အသိပညာပေးရတယ်၊ သင်တန်းတွေကို လူငယ်တွေကို ပေးရတယ်။ သူတို့ကနေတစ်ဆင့်မှ လူထုထဲကို သူတို့နေ့စဥ်နေထိုင်စားသောက်မှုနဲ့ပတ်သက်ပြီးမှ မေးရတယ်။ ဘာတွေပြောင်းလဲလာတယ်။ ဘာတွေခံစားရတယ်ဆိုရာကနေ တစ်ဆင့်မှ ရေကြီးလာရင်ဘာလုပ်မလဲ ဆိုတာထိကို သွားရတယ်။  စိန်ခေါ်မှုအနေနဲ့ ပြောရမယ်ဆိုရင်က လူထုနဲ့တွဲလုပ်ရင်က သေချာ မသိနေကြလို့ အချိန်ပေးပြီးလူမှုနေထိုင်မှုဘဝနဲ့ဆက်စပ်ပြီး သင်ကြားပေးရတာမျိုးပေါ့။ နောက်တစ်ခုက အချင်းချင်း connection တွေပြတ်နေကြတာ၊ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကိုဗစ်ကြောင့် ဝေးကွာနေကြတဲ့အချိန်မှာ ချိတ်ဆက်မရှိကြတာမျိုးတွေ မရှိတော့ရင်က ပိုပြီးကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်တယ်။

 

sth

မေး။ ။ နောက်ထပ် ဒီ climate change နဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့အစီအစဥ်တွေရှိလဲ?​

ဖြေ။ ။​ အခုက ညမလုပ်နေတာက တယောက်တည်းလုပ်တာများတယ်။ လူငယ်တွေက သူတို့လည်းရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြောချင်တယ်၊ လုပ်ချင်တယ်ဆိုတာကြောင့် falling walls ကလည်း ပြိုင်ပွဲမှာ ပြိုင်ပီးတဲ့အခါမှာ idea ရပြီးတဲ့အခါကျတော့ climate action lab Myanmar ဆိုတဲ့ organization လုပ်တယ်။ အဲ့ကနေမှ civic science education, သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သင်ရိုးတွေသင်မယ်။ လူကြီးတွေအတွက် cultural နဲ့ပတ်သက်တဲ့ ဥပမာ- လူကြီးတွေဆို ရေလျှော့သုံးတာ၊ အဝတ်အစားတွေဆိုရင် ဟောင်းနေရင်တောင် လက်နှီးစုတ်လုပ်သုံးတာ ဒီအကျင့်တွေက climate friendly ဖြစ်တာ ဒီဟာကို archive အနေနဲ့သိမ်းပြီးပြန်မျှဝေမယ် စတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်ဖြစ်တာပါ။ ပြီးတော့ falling walls မှာပြိုင်တာကကျတော့ successful climate action ဖြစ်ဖို့၊ အဲ့မှာ STEM (Science, Technology, Engineering, Mathematics) က ပိုအရေးပါတယ်။ ဒီမှာက သုတေသနက အားနည်းတော့ ဒါနဲပတ်သက်ပြီးအောင်မြင်အောင်လုပ်နိုင်ရင် education ပေးရုံသာမကဘဲ သူတို့ကိုယ်တိုင်တီထွင်နိုင်တဲ့သူတွေဖြစ်အောင်၊ ကိုယ့် အသိုက်ဝန်းမှာ တစ်ခုခုဖြစ်ရင် ဦးဆောင်ဖြေရှင်းနိုင်အောင် capacity building training တွေပေးနိုင်တဲ့အထိ လုပ်ဆောင်ပေးချင်ပါတယ်။

Falling walls မှာပြိုင်တော့လည်း ဂျာမနီမှာပြိုင်တော့ ဒီအိုင်ဒီယာကို ကူညီပေးချင်သူတွေ၊ ပံ့ပိူးသူတွေနဲ့တွေ့ခဲ့လို့ green stem curriculum ကိုအောင် မြင်အောင်လုပ်ဆောင်သွားမယ်။

 

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့  climate action နဲ့ပတ်သက်ပြီးလုပ်တဲ့အခါမှာ ဘာစိန်ခေါ်မှုတွေရှိမလဲ?

ဖြေ။ ။ ဒီအပိုင်းက အရင်တုန်းကဆိုရင်က အမျိုးသားတွေကြီးစိုးမှုကပိုများခဲ့တယ်ပေါ့နော်။ သိပ္ပံ၊ အင်ဂျင်နီယာ၊ သချာ်၊ နည်းပညာ စတာတွေက အရင်ကဆို အမျိုးသမီးတွေ မသင်ရတဲ့အချိန်တွေတောင်ရှိခဲ့ကြတယ်။ နောက်တစ်ခုက field trip တွေထွက်ရမယ်ဆိုရင် မိန်းကလေးမို့လို့ လုံခြုံရေးကို စိုးရိမ်လို့ မသွားခဲ့ရတာတွေရှိတယ်ဆိုတော့ မိန်းကလေးတွေဆိုတော့ အရမ်းကြည့်ရတယ်ဆိုပြီးတော့ မိန်းကလေးတွေဆိုရင် လုပ်နိုင်ပါ့မလားဆိုပြီးတော့ပေါ့။​ မိန်းကလေးတစ်ယောက်က ဒီလိုလုပ်ပြနိုင်ပါ့မလားဆိုပြီးမယုံကြည်တာတွေလည်း ရှိကြတယ်။ နောက်ပိုင်းမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေ မမြင်နိုင်တာ၊ ချဥ်းကပ်ပုံချင်းလည်း မတူကြတာတွေရှိတော့ challenging ဖြစ်တာမှန်ပေမယ့် နိုင်ငံတကာမှလည်း အမျိုးသမီး climate hero တွေလည်းရှိကြတော့ နောက်ပိုင်းကျရင် မြန်မာနိုင်ငံမှာလည်း အဲ့လိုတွေ ပေါ်ထွက်လာစေချင်တယ်။ panelist တွေကြည့်လိုက်ရင် ယောကျာ်းလေးက ၃ ယောက်၊ မိန်းကလေးက ၁ ယောက်ပဲဖြစ်နေတာမျိုးတို့ ဘာလို့ဆိုပညာရှင်တွေ မရှိလို့ ဆိုတာမျိုး၊ Gender balance ဖြစ်အောင်ခေါ်ချင်ပေမယ့် လူမရှိလို့ဆိုတာမျိုး အဲ့ဒါတွေက အရင်ကတည်းက ချထားခဲ့တဲ့ rules and regulations တွေကြောင့်မရှိတာဆိုတော့ အခုတည်းကစပြီး ထဲထဲဝင်ဝင်လုပ်ရင် နောက်တစ်ချိန်မှာ ဦးဆောင်မယ့် အမျိုးသမီးတွေပိုများလာမှာပါ။

sth

မေး။ ။ အမျိုးသမီးတွေအတွက် အကြံပေးစကားလေး ပြောပေးပါ။

ဖြေ။ ။ climate change စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအတွက် ပြောပြချင်တာက ကိုယ်လုပ်ရတာကြိုက်နှစ်သက်တဲ့အရာကိုပဲလုပ်ပါ။ ညမစဥ်စားတာတစ်ခုက  “ကိုယ်ကြိုက်တဲ့အခါကိုယ်လုပ်တဲ့အခါမှာ အဲ့အရာကို ရပ်တန့်လို့မရဘူး” ဆိုတာပေါ့။ အလုပ်ကို ကိုယ်က ကြိုက်နေတဲ့အခါ တချိန်လုံးလည်း လုပ်နိုင်တယ်။ ဘယ်တော့မဆိုလုပ်နိုင်တယ်။ ရပ်တန့်လို့ မရတဲ့ အရှိန်ဖြစ်သွားတယ်။ စိတ်ထဲက အရမ်းလုပ်ချင်တဲ့အရာကိုလုပ်ပါ။ ငယ်ငယ်လေးကတည်းက environment နဲ့ပတ်သက်တာကို စိတ်ဝင်စားတယ်။ ပတ်ဝန်းကျင်ကလွှမ်းမိုးမှုတွေရှိခဲ့တော့ ငယ်ငယ်က ဘာဝါသနာပါတယ်ဆိုတာ မသိခဲ့ဘူး။ ဒါပေမယ့် ကိုယ်ဝါသနာပါတာရှာတွေ့ခဲ့တာက environmental နဲ့ပတ်သက်တဲ့ club တွေ သွားရင်းနဲ့မှ ငါဝါသနာပါတာဒါဆိုတာသိခဲ့တာ။ အဲ့လိုဆုံးဖြတ်ချက်ချပြီးချိန်မှာ ကျန်တာကို မလုပ်ချင်တော့ဘဲ ဒါကိုပဲ တစိုက်မက်မက်လုပ်ခဲ့တယ်။ ကိုယ်အိပ်မက်တွေကို တစ်ဦးတစ်ယောက်ကြောင့်ပြောင်းလဲစရာမလိုဘူး။ ဘဝမှာကိုယ်မထင်တာ ဖြစ်လာနိုင်တာတွေအများကြီးပဲ။ အမျိုးသမီးတွေက ဒီဘက်မှာများများပါဝင်ရင် ကောင်းမွန်တဲ့ အရွေ့တစ်ခု ဖြစ်လာမှာပါ။