DE

သတင်းအမှားတွေကို ဘယ်လိုခွဲခြားကြမလဲ?

သတင်းတစ်ပုဒ်ကို မမ ျှဝေခင်မှာ ကျွန်တော်တို့ အဲ့ဒီသတင်းဌာန စာမျက်နှာတွေကနေ စစ်ဆေးလို့ရတယ်
Mratt K Thu

လူတော်တော်များများက သတင်းတွေဘယ်ကလာတယ်၊ ဘယ်သူတွေကစဖြန့်တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းရင်းမြစ်တွေကို လိုက်ကြည့်ပြီးစစ်ဆေးဖို့ သတိမပြုမိတတ်ကြဘူး။

နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေကတော့ သူတို့အကျိုးစီးပွားအတွက် ဆိုရှယ်မီဒီယာအသိပညာပေးတွေနဲ့ ပတ်သက်ပြီးတော့ လူတွေသိပ်မသိကြတာတွေကနေ အကျိုးအမြတ်ရယူလေ့ရှိကြတယ်။

ဒီနေ့ခေတ်မှာက သတင်းမှားလား၊ သတင်းမှန်လားဆိုတာကို ခွဲခြားဖို့က ခက်လာတာကြောင့် တကယ့် ပညာရှင်တွေ၊ သုတေသနလုပ်နေတဲ့သူတွေ၊ သတင်းထောက်တွေနဲ့ ပညာတတ်တွေတောင်မှပဲ သတင်းတစ်ခု ဘယ်ကလာတယ်ဆိုတာကို သေချာမခွဲခြားကြဘဲနဲ့ အဲ့ဒါတွေကို ပြန်ပြီးဝေမျှနေတာမျိုးတွေ ရှိနေတတ်ကြတယ်။

သတင်းတုတွေဆိုတာက အကောင့်တုတွေသုံးကြတဲ့ လူတွေဆီကနေများသောအားဖြင့် လာတယ်။ သတင်းမှား၊ သတင်းတု တွေက အထူးသဖြင့် သတိထားနေရမယ့် အခြေအနေတစ်ခုဖြစ်လာပြီဆိုရင် ဆိုရှယ်မီဒီယာတွေကနေ ပြန့်လာတာများတယ်။ လူတွေရဲ့စိတ်ကို ဆူပူထကြွစေချင်တယ်၊ အခြေအနေကို ပိုဆိုးစေချင်တယ်ဆိုရင်က သတင်းမှား၊သတင်းတုတွေဖြန့်တာက အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်နေကြတယ်။

ကျွန်တော်တို့ဆီမှာ သတင်းစာတိုက်ကြီးတွေ၊ နေ့စဉ်ထုတ်သတင်းစာတွေ၊ အပါတ်စဉ်ထုတ်ဂျာနယ်တွေ ရဲ့ ကိုယ်ပိုင် အွန်လိုင်းသတင်းပလက်ဖောင်းတွေရှိတယ်။ အဲ့ဒါတွေကနေ သတင်းတစ်ပုဒ်ကို မမ ျှဝေခင်မှာ အဲ့ဒီသတင်းဌာန စာမျက်နှာတွေကနေ စစ်ဆေးလို့ရပါတယ်။

သတင်းမှားတွေ၊ ကောလဟာလသတင်းတွေက သတင်းဌာနတစ်ခုကနေ အတည်မပြုမချင်း တစ်ဖက်တည်းဖြစ်နေပြီးတော့ တစ်ဦးတစ်ယောက် ကောင်းကျိုးအတွက်ကိုပဲဦးတည်နေတက်တယ်။

နောက်တစ်ဖက်မှာလည်း သတင်းမှားတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာနဲ့ သတင်းမှား၊သတင်းတုတွေရဲ့အကျိုးဆက်တွေကို ကိုင်တွယ်ဖို့ ဥပဒေတွေ က အရမ်းနောက်ကျနေတာကလည်း ဖြေရှင်းစရာတစ်ခုအဖြစ်ရှိနေပါသေးတယ်။