DE

The World Science Summit 2020 ကိုအခမဲ့တက်ရောက်နိုင်ရန် ဖိတ်ခေါ်

fnfmyanmar

Falling Walls နဲ့  Berlin Science Week တို့မှဆောင်ယူလာမှာဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိကျင်းပမယ့် The World Science Summit 2020 မှာ သိပ္ပံနဲ့နည်းပညာနယ်ပယ်က တစ်ကမ္ဘာလုံးက ထူးချွန်တဲ့တီထွင်မှုတွေနဲ့ ဖန်တီးမှုတွေကို အတူတကွ မြင်ရဖို့ အတွက် Falling Walls နဲ့ Berlin Science Week ကဆောင်ယူလာပါပြီ။  

Covid-19 ကာလမှာ လူတိုင်းကို အခမဲ့တက်ရောက်နားထောင်နိုင်ဖို့အတွက် go.falling-walls.com/dgl ကနေစာရင်းသွင်း လို့ရပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိကျင်းပမှာဖြစ်တဲ့ World Science Summit မှာ ဆန်းသစ်တီထွင်မှုတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

အဆိုပါအစီအစဉ်မှာတော့ သိပ္ပံနဲ့နည်းပညာအသိုင်းအဝိုင်းမှာ ထူးချွန်တဲ့လုပ်ငန်းဆောင်တာတွေ၊လတ်တလော တီထွင်ဖန်တီးထားမှုတွေကို အစီအစဉ်အပိုင်းပေါင်း ၂၀၀ ကျော်နဲ့အတူ ကျင်းပမှာဖြစ်ပြီးတော့ လတ်တလောဖြစ်ပွားနေတဲ့ ကပ်ရောဂါကိုစောင့်ကြည့် ဖော်ထုတ်နေကြတဲ့ ပညာရှင်တွေကို အားပေးသောအားဖြင့် ယခုနှစ်ပွဲကိုတော့ အွန်လိုင်းမှတစ်ဆင့် ကျင်းပမှာဖြစ်ပြီး လူတိုင်းကို အခမဲ့တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

go.falling-walls.com/dgl ယခုလင့်ကနေ အခမဲ့စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။

The world science summit မှာ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ ဆွေးနွေးပွဲတွေနဲ့အတူ workshops တွေပါပါဝင်မှာဖြစ်ပါတယ်။