DE

၂၀၁၈ခုနှစ်၏ ပထမဆုံးသော SIM Democracy ကစားပွဲ

FNF Myanmar

(ဧပြီလ ၃၀ရက် ၂၀၁၈)

၂၀၁၈ ခုနှစ် ပထမဆုံး SIM Democracy ကစားနည်း အလုပ်ရုံဆွေးနွေးပွဲကို FNF Myanmar ၏ ထောက်ပံ့ကူညီပေးမှုဖြင့် Panna Institute နှင့် Local Resource Centre တို့နှင့်အတူပူးပေါင်းပြီး ဧပြီလ ၃၀ရက်နေ့က Panna Institute ၏သင်တန်းခန်းမမှာ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ SIM Democracy ကစားနည်း အလုပ်ရုံဆွေးနွေးပွဲသို့ အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူ ၂၅ဦးခန့် တက်ရောက်ခဲ့ကြပြီး ကစားနည်း အလုပ်ရုံဆွေးနွေးပွဲကို Panna Institute မှ သင်တန်းဆရာ ဆရာမတို့က ဦးဆောင်ခဲ့ပါသည်။