DE

ဆောင်းပါးတို ပြိုင်ပွဲလေး

FNF Myanmar

Friedrich Naumann Foundation for Freedom (Myanmar) FNF Myanmar မှ ဆောင်းပါးတို ပြိုင်ပွဲလေး ပုံစံမျိုးတစ်ခုလုပ်ချင်ပါတယ်။  စိတ်ဝင်စားတဲ့ ဘယ်သူမဆို ရေးသား ပေးပို့နိုင်ပါတယ်။ ပြိုင်ပွဲဝင်သူတွေ အနေဖြင့် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့  ရေးသားနိုင်ပြီးတော့ မြန်မာဘာသာနဲ့  ရေးသားမယ်ဆိုပါက စာမျက်နှာ ၂ မျက်နှာထက် မပိုဖို့တော့လိုပါမယ်။၊ အင်္ဂလိပ်ဘာသာနဲ့ ရေးသားမယ်ဆိုရင်လည်း စာလုံးရေ ၅၀ဝ အနည်းဆုံး ရှိရပါမယ်။ 


ရေးသားရမယ့် ဆောင်းပါးတိုရဲ့ ခေါင်းစဉ်ကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့လည်း ကိုက်ညီသလို အမှန်တကယ်လည်း နိုင်ငံတစ်နိုင်ငံမှာ အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ ဆက်စပ်တဲ့ အရာပဲဖြစ်ပါတယ်။ ဒါကတော့…


“မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ တရားဥပဒေစိုးမိုးရေး၏ အခန်းကဏ္ဍဟာ မည်မျှ အရေးကြီးပါသနည်း။” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားရမှာဖြစ်ပါတယ်။


ရေးသားပို့ပေးရမယ့် နောက်ဆုံးရက်စွဲကတော့ ဇွန်လ ၁၅ ရက်နေ့ ဖြစ်ပြီးတော့ hninwint.naing@fnst.org သို့ ပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့လာတဲ့သူတွေထဲက အကောင်းဆုံး ဆောင်းပါရှင် ၃ဦးကို ရွေးချယ်ပြီးတော့ FNF ကထုတ်ဝေတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို လက်ခံရရှိမှာဖြစ်ပြီးတော ့ Friedrich Naumann Foundation for Freedom FNF ရဲ့ အရှေ့တောင်အာရှနှင့် အရှေ့အာရှ ဒေသတွင်းဆိုင်ရာ ဒါရိုက်တာ (Regional Director) မှ ဇွန်လ ၁၈ ရက်နေ့မှာ နိုင်ငံရေးသမားတွေနဲ့အတူ တည်ခင်းဧည့်ခံမယ့် ညစာစားပွဲကို တက်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။