DE

စီးပွားရေးတိုးတက်မှု၏ ပင်မအကြောင်းအရင်း ၇ချက်

FNF Myanmar

ဥပဒေရေးရာစနစ် -
စီးပွားရေးတိုးတက်မှုအတွက် အခြေခံအုပ်မြစ်မှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး လုပ်ငန်းသဘောတူ စာချုပ်များကို သမာသမတ်ကျကျ ထိန်းကျောင်းပေးသည့် ဥပဒေရေးရာစနစ်တစ်ခု ဖြစ်သည်။

အပြိုင်အဆိုင်ဈေးကွက်များ -
ပြိုင်ဆိုင်မှုသည် အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချလာစေပြီး ပိုမိုကောင်းမွန်သည့် တီထွင်ကြံဆမှုများ ဖြစ်ပေါ်လာအောင်လည်း အစဉ်တစိုက် လှုံ့ဆော်ပေးလေ့ ရှိသည်။

အစိုးရစည်းမျဉ်းများအပေါ် အကန့်အသတ်ထားရှိခြင်း -
ကုန်သွယ်မှုအား လျော့ချသည့် ထိန်းကျောင်းရေးမူဝါဒများသည် စီးပွားရေး တိုးတက်မှုပါ နှေးကွေးစေသည်။

ထိရောက်စွာလည်ပတ်နေသည့် ငွေကြေးဈေးကွက် (Capital market) –
၎င်း၏ အလားအလာရှိသလောက် ဖြစ်လာစေရန်မှာ နိုင်ငံတစ်ခုအနေဖြင့် ဓနအင်အား ဖန်တီးသည့် လုပ်ငန်းများသို့ ငွေပင်ငွေရင်းများ စီးဆင်းသည့် စနစ်တစ်ခုရှိရမည်ဖြစ်သည်။

ငွေကြေးတည်ငြိမ်မှု -
တည်ငြိမ်သည့် ငွေကြေးမူဝါဒသည် ငွေဖောင်းပွအား ထိန်းချုပ်ပေးခြင်း၊ ရင်းနှီးမြုပ်နှံမှုအား အကျိုးများများဖြစ်အောင် နေရာချပေးခြင်းနှင့် စီးပွားရေး တည်ငြိမ်မှု ရရှိရေးအတွက် မရှိမဖြစ် အရေးပါသည်။

နည်းပါးသော အခွန်နှုန်းထားများ -
လူပုဂ္ဂိုလ်တို့သည် မိမိတို့ရှာဖွေထားသည့် အလျောက် ပိုမိုခံစားခွင့်ရှိသည့်အခါ ပိုမိုထုတ်လုပ်လာကြပါလိမ့်မည်။

လွတ်လပ်သည့် ကုန်သွယ်ရေး -
ပြည်တွင်းတွင် စရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ရောင်းချ၍ တင်ပို့ရောင်းချ၍ ထုတ်လုပ်မှု စရိတ် မြင့်မားမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပြည်ပမှဝယ်ယူတင်သွင်းခြင်းဖြင့် နိုင်ငံငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်သည်။

ကိုးကား - သိလွယ်မြင်လွယ် ဘောဂဗေဒ စာအုပ် (ဓနဥစ္စာနှင့် ချမ်းသာကြွယ်ဝမှုဆိုင်ရာ သိသင့်သိထိုက်သည့် အကြောင်းအရာများ)