DE

Classical Liberalism ရဲ့အခြေခံသဘောတရားများ

မည်သည့် ရည်ရွယ်ချက်မျှဖြင့် တစ်ဦးချင်းစီရဲ့ ဘဝ၊ လွတ်လပ်ခွင့် (သို့) ပစ္စည်းဥစ္စာကို တရားဝင်စွန့်လွှတ်အနစ်နာခံခြင်းမရှိစေရ
classical liberalism

Classical Liberalism ရဲ့အခြေခံသဘောတရားများ

Gennady Stolyarov  ရဲ့ အဆိုအရ အခုလို ဖော်ပြနိုင်ပါတယ်။

(၁)တစ်ဦးချင်းစီ အသက်ရှင်သန်မှုက ပကတိနဲ့ အကြွင်းမဲ့ လူ့ကျင့်ဝတ်စံဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်မျှဖြင့် တစ်ဦးချင်းစီရဲ့ ဘဝ၊ လွတ်လပ်ခွင့် (သို့) ပစ္စည်းဥစ္စာကို တရားဝင်စွန့်လွှတ်အနစ်နာခံခြင်းမရှိစေရ ။

(၂) လူတစ်ဦးစီက သူ့ရဲ့ ခန္ဓာ၊ စိတ်နဲ့ လုပ်အားကနေတစ်ဆင့် တရားဝင် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ရုပ်ဝတ   ္ထုတွေအပါအဝင် လုပ်အားကိုပိုင်ဆိုင်ပါတယ်။

(၃) လူတစ်ဦးစီရဲ့ ရုပ်ပိုင်းဆိုင်ရာ ၊ ဉာဏ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ရှူထောင့်တွေ၊ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အခြားသူတွေကို လုပ်ဆောင်ခွင့်ပြုတဲ့ ပစ္စည်းဥစ္စာတွေအပါအဝင် သူ့ရဲ့ ပစ္စည်းဥစ္စာ တို့ကို အသုံးပြုခြင်းအားဖြင့် သူတို့ရဲ့ ဘဝပိုမိုတိုးတက်ကောင်းမွန်သာယာရေးအတွက် လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခွင့်ရှိပါတယ်။

(၃) တစ်ဦးချင်းစီရဲ့ အသက်ရှင်သန်ခွင့်၊လွတ်လပ်ခွင့်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တို့က တစ်ဦးချင်းရဲ့ ပင်ကိုယ်အတိုင်းဖြစ်သည် ။  သူတို့ကိုတခြားလူသားတွေက ပေးအပ်ထားတာမဟုတ်ဘဲ မည်သည့်အဖွဲ့အစည်းကမျ သူတို့ကို ဖယ်ရှားခြင်းမပြုလုပ်နိုင်။

(၄) ရုပ်ပိုင်းဆိုင်ရာအားဖြင့် အင်အားသုံးမှုအားစတင်ခြင်း၊ ထိုအင်အားသုံးမှုစတင်ခြင်း၊ အင်အားသုံးမှုဖြင့် ခြိမ်းခြောက်ခြင်း (သို့)တစ်စုံတစ်ယောက်အား လိမ်လည်ခြင်းတို့ကို စတင်သူရဲ့ ရာထူး၊ဝိသေသ က ဘယ်လိုဖြစ်နေစေကာမူ ခွင့်မပြုနိုင်ပါ။ သို့သော် ကျူးကျော်ရန်စမှုအား တုံ့ပြန်ရန်နှင့် ကာကွယ်ရန်အတွက် အချိုးညီသော အင်အားကို အသုံးပြုနိုင်သည်။

(၅) အစိုးရရဲ့ အခြေခံကျတဲ့ တစ်ခုတည်းသောတာဝန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို အစိုးရကို သီးခြားတာဝန်ပေးထားတဲ့လုပ်ဆောင် ချက်များမှာ ပါဝင်ခြင်းဖြင့် တစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို အကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အစိုးရက လူ့အဖွဲ့အစည်းနဲ့ မတူသလို အစိုးရအနေနဲ့လည်း အခြားသူတွေရဲ့ သာယာဝပြောရေးအတွက် အချို့လူတွေကို နစ်နာစေဖို့ လုပ်ဆောင်ခွင့်မရှိ။

(၆) လူတစ်ဦးချင်းစီက မည်သည့်အတွေးအခေါ်မဆို တွေးခေါ်ပိုင်ခွင့်နဲ့ ဖော်ပြပိုင်ခွင့်အပြည့်အဝရှိပါတယ်။ အတွေးအခေါ်နဲ့ ပြောဆိုမှုတွေက အင်အားအသုံးပြုမှု(သို့) အကြမ်းဖက်မှုနဲ့ မည်သည့်အခါမှ တူညီခြင်းမရှိဘဲ ကန့်သတ်ခြင်း(သို့) ပြစ်ဒဏ်ကျခံနိုင်ခြင်းများမရှိစေရ။

(၇) ကုန်သွယ်မှု၊နည်းပညာနဲ့ သိပ္ပံပညာတို့က လိုလားတဲ့ အရာတွေဖြစ်ပြီးတော့ ပြီးခဲ့တဲ့မှားယွင်းမှု တွေကို ပပျောက်စေတဲ့ လွတ်မြောက်စေတဲ့ အင်အားတွေဖြစ်ပြီး လူသားတွေရဲ့ ဘဝအရည်အသွေးတွေကို တိုးတက်စေပြီး လူသားတို့ရဲ့ကျင့်ဝတ်တွေကို မြှင့်တင်ပေးစေနိုင်ပါတယ် ။

(၈) မွေးဖွားခြင်း၊ တည်နေရာ (သို့) မျိုးရိုးဖြစ်စဉ်တို့နဲ့ တစ်စုံတစ်ယောက်ကိုသတ်မှတ်ချက်မဖြစ်စေရဘဲ တစ်စုံတစ်ယောက်ရဲ့ အခွင့်အရေးများ၊ ဒါမှမဟုတ် အခွင့်အလမ်းတွေကို လူလုပ်တဲ့ကန့်သတ်မှုများ မဖြစ်ပေါ်စေရပါ ။