DE

ဒစ်ဂျစ်တယ်စိန်ခေါ်မှုကိုဖြေရှင်းနိုင်ဖို့ရည်ရွယ်ထားတဲ့Digital innovations series

FNF


FNF Myanmar နဲ့ Impact Hub Yangon တို့ပူးပေါင်းကျင်းပတဲ့ Digital Innovation and Development series 3 ကို အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့က Chatrium Hotel မှာကျင်းပခဲ့တာပါ။
ဒီပွဲကတော့ မြန်မာနိုင်ငံမှာ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးရေး ပလက်ဖောင်းတစ်ခု ဖြစ်လာစေဖို့ နဲ့ မြန်မာနိုင်ငံအတွင်းက စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု အကြောင်းအရာကိုပါ သိရှိစေဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။
တက်ရောက်ခဲ့သူတွေက ဒီဇိုင်း စဉ်းစားတွေးခေါ်နည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် မြန်မာဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာနည်းပညာကဏ္ဍမှာ လိုအပ်ချက်တွေကို နားလည်သဘောပေါက်စေဖို့  လေ့လာသုံးသပ်ခဲ့ကြပါတယ်။
“ အခု မြန်မာနိုင်ငံက နည်းပညာ ဆန်းသစ်မှုတွေကို ပြည်တွင်းက ပုဂ္ဂလိက အကူအညီနဲ့ ပူးပေါင်းလုပ်ဆောင်နောဖြစ်ပါတယ်။ ကျွန်မတို့ FNF အနေနဲ့ လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အမြဲတမ်းကူညီဖို့ အဆင်သင့်ရှိပါတယ်။ ယခုတစ်ကြိမ်ပြုလုပ်တဲ့ ပွဲက အရင်ပွဲတွေနဲ့ မတူဘဲ နည်းပညာကျွမ်းကျင်သူတွေ၊ လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးချက်တွေ၊ ပြန်သုံးသပ်ချက်တွေပါ နားထောင်ရတာဖြစ်တာကြောင့် ပိုပြီး အကျိုးရှိစေမှာဖြစ်ပါတယ်။ ” လို့ FNF Myanmar က Executive Programme Manager ဖြစ်သူ Biak Hlei Sung က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၈- ၂၀၂၅ ဒစ်ဂျစ်တယ် ပြောင်းလဲမှု လမ်းညွှန်မြေပုံကို လုပ်ဆောင်နေတာဖြစ်ပြီး တော့ ဒီလိုဆွေးနွေးပွဲတွေကနေ အချင်းချင်းချိတ်ဆက်နိုင်မှု၊ အဆက်သွယ်ကောင်းများ ပိုမိုရရှိနိုင်စေဖို့ လည်း ရည်ရွယ်ထားတာဖြစ်ပါတယ်။