DE

ဒေသန္တရအစိုးရဟူသည် အဘယ်နည်း

Local government

ဒေသန္တရအစိုးရဆိုသည်မှာ နိုင်ငံတစ်ခု၏ ဒေသန္တရအဆင့်တွင်ရှိသော မြို့၊ မြို့တော်၊ မြို့နယ်၊ ခရိုင် သို့မဟုတ်
နိုင်ငံရေးအရ ခွဲခြားထားသော ဒေသခွဲတစ်ခု၏ အစိုးရကိုဆိုလိုပါသည်။ ဒေသန္တရအစိုးရအင်စတီကျူးရှင်းများတွင် မြို့တော်ဝန်
များ၊ ကောင်စီများ၊ ကော်မတီများနှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့များကဲ့သို့ နိုင်ငံရေးဇာတ်ကောင်များ ပါဝင်ပါသည်။

အဘယ်ကြောင့် ဒေသန္တရအစိုးရက အရေးကြီးပါသလဲ
ဒေသန္တရအစိုးရသည် နိုင်ငံသားများက ၎င်းတို့၏ချက်ချင်းလက်ငင်းပြဿနာရပ်များကို ဖြေရှင်းပေးရေးအတွက် ပထမ
ဆုံးဦးတည်အားကိုးတတ်ကြသော ပြည်သူ့အစိုးရအဆင့်ဖြစ်ပါသည်။ ဒေသန္တရအစိုးရသည် နိုင်ငံသားများက တက်တက်ကြွကြွ
ပါဝင်ဆောင်ရွက်နိုင်သော အထိရောက်ဆုံးအခွင့်အလမ်းရှိစေသည့် အစိုးရအဆင့်တစ်ဆင့်ဖြစ်ပါသည်။ ဒေသန္တရအုပ်ချုပ်ရေး
သည် ပိုမိုသေးငယ်ပြီး ဒေသဆိုင်ရာကိစ္စရပ်များအပေါ်တွင်သာ လုပ်ဆောင်သောကြောင့် ၎င်းသည် တိုက်ရိုက်ဒီမိုကရေစီနှင့်
အရပ်ဖက်နိုင်ငံသားများ ပါဝင်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။


နိုင်ငံရေးကိုယ်စားလှယ်များနှင့်ပြည်သူလူထုကြားပိုမိုနီးကပ်ထိတွေ့မှုကိုတည်ဆောက်ရာတွင် ဒေသန္တရ အစိုးရများ
သည် ဗဟိုအဆင့်အစိုးရများထက် ပိုမိုထိရောက်မှုရှိသည်ဟု အများကရှုမြင်လေ့ရှိသည်။ ထိုသို့ နီးကပ်မှုရှိခြင်းကြောင့်လည်း
ဒေသဆိုင်ရာကိုယ်စားလှယ်များသည် ၎င်းတို့လူ့အသိုင်းအဝိုင်းများ၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒများကို ပိုမိုနားလည်ပြီး
မူဝါဒလုပ်ငန်းစဉ်များမှတဆင့် မိမိဒေသလူထု၏အကျိုးစီးပွားနှင့် အလိုဆန္ဒများ ကိုယ်စားပြုဆောင်ရွက်ခွင့်ပိုမိုရရှိသည်။ သို့သော်
လည်း တကယ့်လက်တွေ့တွင် ဒေသအဆင့်များသို့ နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးအာဏာများကို ခွဲဝေပေးမှုအတိုင်း
အတာပေါ်မူတည်၍ ဒေသန္တရအစိုးရစနစ်များ၏ အနှစ်သာရပြည့်ဝခြင်း၊ မပြည့်ဝခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

အကယ်၍ ဒေသန္တရအစိုးရများကို လုံလောက်သော အရင်းအမြစ်နှင့် အာဏာများကို ပေးအပ်ထားမည်ဆိုလျှင် ၎င်း
တို့သည် ဒေသန္တရအုပ်ချုပ်ရေးအပေါ် အလွန်အကျိုးရှိသော သက်ရောက်မှုများ ရရှိနိုင်ပါသည်။ ဤ အကျိုးကျေးဇူးများအနက်
အချို့မှာ -


• ဒေသန္တရအစိုးရအတွင်း လူမှုအသိုင်းအဝိုင်း၏ပါဝင်မှုသည် သာမာန်လူများ၏အသံများကို ပို၍ အလွယ်တကူကြားသိ
စေသော တိုက်ရိုက်ဒီမိုကရေစီပုံစံမျိုးကို ဖြစ်စေသည်။


• ဒေသန္တရအစိုးရက လူထုနှင့် ပိုမိုနီးကပ်သောကြောင့် သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပေါ်နေသော
ပြဿနာများကိုဖြေရှင်းရန် လုပ်ဆောင်ရာတွင် အဓိပ္ပါယ်ရှိသော ဆွေးနွေးပွဲများ၊ ဆွေးနွေးငြင်းခုံမှုများနှင့် ဆွေးနွေးချက်
များ ပိုမိုအလွယ်တကူ ထွက်ပေါ်လာစေပါသည်။


• ဒေသန္တရအစိုးရအတွင်း နိုင်ငံသားများပါဝင်သည့်အခါ ပြည်သူ့ဝန်ထမ်းအရာရှိများနှင့် အုပ်ချုပ်သူများသာ လက်လှမ်းမှီ
ရရှိမည့် လူမှုအသိုင်းအဝိုင်းအတွင်းရှိ အရေးကိစ္စရပ်များနှင့်ပတ်သက်သော အသိပညာဗဟုသုတများကို နိုင်ငံသားများ
လည်း ရစေသည်။


• နိုင်ငံသားများသည် ဒေသန္တရအစိုးရအတွင်း ပါဝင်ဆောင်ရွက်နိုင်သည့်အခါ မိမိကိုယ်ကိုအားကိုးမှုနှင့် ပူးပေါင်းဆောင်
ရွက်မှုရှိသော လူမှုအသိုင်းအဝိုင်းတစ်ခုတည်ဆောက်ရာတွင် နိုင်ငံသားများအကြား ကောင်းမွန်သောဆက်ဆံရေးကို
မြှင့်တင်ပေးသည်။

(Source: Public Participation for Democracy Training Manual Book)