DE

ဒီမိုကရေစီဆိုသည်မှာ

Demo

ဒီမိုကရေစီဟူသည် “ပြည်သူ” ဟု အဓိပ္ပာယ်သက်ရောက်သော ဂရိစကားလုံး demos နှင့် “အာဏာ” သို့မဟုတ် “အုပ်ချုပ်မှု” ဟုအဓိပ္ပာယ်သက်ရောက်သော ဂရိစကားလုံး kratos တို့မှ ဆင်းသက်လာခြင်းဖြစ်သည်။
တိုက်ရိုက်ဘာသာပြန်ဆိုရလျှင် ဒီမိုကရေစီဟူသည် ပြည်သူ့အုပ်ချုပ်မှုစနစ် (rule by the people) ဟု အဓိပ္ပာယ်သက်ရောက်သည်။
ဒီမိုကရေစီ၏ အရေးကြီးဆုံးသောသွင်ပြင်လက္ခဏာရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• လူ့ဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်များအားလုံးသည် နိုင်ငံရေးအရ တန်းတူညီမျှမှု ရှိကြသည်။ (ဥပမာ၊ နိုင်ငံသားအားလုံးသည် တစ်ဦးလျှင် မဲတစ်မဲစီသာပေးခွင့်ရှိပြီး မဲအားလုံးတွင် တူညီသောတန်ဖိုးများ ရှိကြသည်။
• ပြည်သူလူထုသည် ဆုံးဖြတ်ချက်ချမှတ်သူတို့အပေါ် လွှမ်းမိုးထိန်းချုပ်နိုင်စွမ်းရှိသည်။ (ဥပမာ - ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ခြင်းမှတဆင့် ထိန်းချုပ်ခြင်းမျိုးဖြစ်သည်။)