DE

ဒီမိုကရေစီနှင့် အခွင့်အရေး

Right and Dmo

မိုကရေစီအုပ်ချုပ်ရေးစနစ် ကောင်းစွာသက်ဝင်လည်ပတ်နိုင်ရန်အတွက် ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အုပ်ချုပ်သူ
များ၊ ကိုယ်စားလှယ်များရွေးချယ်ခြင်းတို့တွင် နိုင်ငံသားများပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ အခွင့်အရေးဆိုသည်မှာ နိုင်ငံသား
များကိုဒီမိုကရေစီဖြစ်စဉ်များမှ ဖယ်ထုတ်ခြင်းမပြုနိုင်စေရန် ဥပဒေဖြင့် ပြဌာန်းထားခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ်၌အရေးပါဆုံး
သောအခွင့်အရေးများမှာ -

• မဲဆန္ဒပေးပိုင်ခွင့်
• ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်
• လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
• လွတ်လပ်စွာစုဝေးခွင့်
• လွတ်လပ်စွာအသင်းအဖွဲ့များဖွဲ့စည်းခွင့်

ဒီမိုကရေစီဖြစ်စဉ်များတွင် နိုင်ငံသားများမပါဝင်နိုင်ခြင်းမှာ အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်နိုင်သည်။
ပထမအကြောင်း ရင်းမှာ နိုင်ငံသားများအား သူတို့၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ခွင့်မပြုဘဲ ပိတ်ပင်ထားခြင်း (သို့မဟုတ်) ဒီမိုကရေစီ နိုင်ငံရေးဖြစ်စဉ်တွင် မပါဝင်နိုင်စေရန် ပိတ်ပင်ထားခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ပိတ်ပင်တားဆီးခြင်းမှ ကာကွယ်ပေးသည့်အခွင့်အရေးများကို “နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ”ဟု ခေါ်သည်။

ဒုတိယအကြောင်းရင်းမှာ ဆင်းရဲမွဲတေခြင်း၊ နာမကျန်းဖြစ်ခြင်း (သို့မဟုတ်) သတင်းအချက်အလက်မရရှိခြင်းကြောင့် ဒီမိုကရေစီဖြစ်စဉ်၌ ပါဝင်ဆာင်ရွက်မှုမပြုနိုင်ခြင်း ဖြစ်သည်။ အဆိုပါအခွင့်အရေးများကို “လူမှုရေး၊စီးပွားရေးနှင့် ရိုးရာဓလေ့ဆိုင်ရာအခွင့်အရေးများ ဟု ခေါ်ဆိုသည်။

နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ

နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးဆိုသည်မှာ လူထုအား ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်း
ထူထောင်ခွင့်၊ စုဝေးခွင့်နှင့်စည်းရုံးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ မဲပေးခွင့်နှင့် ရွေးကောက်တင်မြှောက်ခွင့် စသည်တို့ကို အာမခံပေး
ထားသော ပေးအပ်ပြဌာန်းချက်များဖြစ်သည်။ အဆိုပါအခွင့်အရေးများသည် ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်
နိုင်ရေး၌ အရေးပါသည် (ဥပမာ - မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ၊ ရွေးကောက်တင်မြှောက်ခံခြင်းနှင့် မဲပေးခြင်း)။ နိုင်ငံသားနှင့်
နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသော အရေးပါသည့် နိုင်ငံတကာပဋိညာဉ်တစ်ရပ်မှာ နိုင်ငံသား
နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (The International Convenant on Civil and Political Rights) ဖြစ်သည်။

(Source: Public Participation for Democracy Training Manual Book)