DE

ဒီမိုကရေစီရှင်သန်လည်ပတ်နိုင်စေရန် မည်သည့်အခြင်းအရာများ လိုအပ်ပါသနည်း

Dmo

ဒီမိုကရေစီတွင် စိန်ခေါ်မှုများစွာ၊ အတားအဆီးများစွာရှိသည်။ ဥပမာ-
• တခါတရံတွင် လူတို့သည်စေ့စပ်ညှိနှိုင်း၍ သဘောတူညီမှုရယူနိုင်ရန် ခက်ခဲတတ်ကြခြင်း။
• အာဏာရှိသော အီလစ်(Elite)အေထက်တန်းလွှာများက အာဏာကိုမစွန့်လွှတ်လိုကြခြင်း။
• ခွဲခြားဆက်ဆံတတ်သော သဘောထားများနှင့်အမူအကျင့်များသည် ပြောင်းလဲရန်အလွန်ခက်ခဲခြင်း။
• လူနည်းစုများ၏ အခွင့်အရေးများနှင့်အကျိုးစီးပွားများကို လူများစုတို့က အလွယ်တကူလစ်လျူရှုတတ်ကြခြင်း။

ထိုအကြောင်းကြောင့်ပင် ဒီမိုကရေစီသက်ဝင်လည်ပတ်နိုင်စေရန်အတွက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေဖြင့်အချို့သောအရေးပါသည့် သဘောထားများနှင့် အမူအကျင့်တို့ကို လက်ခံကျင့်သုံးနိုင်ဖို့လိုပေသည်။ ၎င်းတို့ထဲမှ အရေးပါသောအခြင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ပါဝင်ဆောင်ရွက်မှု (Participation)
ပြည်သူလူထုအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်မှုဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိလျှင် အများပြည်သူ ဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ကိုယ်စားလှယ်များကိုရွေးချယ်ခြင်းဖြစ်စဉ်သည်လည်း ဒီမိုကရေစီနည်း ကျလုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်မှုသည် ဒီမိုကရေစီအတွက် မရှိမဖြစ်အခြေခံအင်္ဂါရပ်တစ်ခုလည်း ဖြစ်သည်။ ၎င်းတို့ကို အအောက်ပါအင်စတီကျူးရှင်းများနှင့် လက်တွေ့ကျင့်သုံးမှုများအနေဖြင့်တွေ့မြင်နိုင်သည်။
• နိုင်ငံရေးနှင့်နိုင်ငံသားဆိုင်ရာအခွင့်အရေးများကိုလေးစားခြင်း၊
• ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊
• မဲပေးသူပမာဏမြင့်မားခြင်း၊

၂။ လွတ်လပ်မျှတသောရွေးကောက်ပွဲများ (Free and fair elections)
ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များသည်လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို သက်ရောက်နိုင်မည့် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ပေးရန်လိုအပ်သည်။ ပြည်သူလူထုအနေဖြင့် မျှတသည်ဟု လက်ခံနိုင်စေမည့်နည်းမျိုးဖြင့် အဆိုပါဆုံးဖြတ်ချက်များကိုချမှတ်နိုင်စေရန် လိုအပ်သောတရားဝင်မှုကို
လွတ်လပ်မျှတသော ရွေးကောက်ပွဲများက ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များအား ပေးစွမ်းနိုင်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လကေ် တွ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။
• နိုင်ငံရေးအရ ပါဝင်ပတ်သက်သူများအားလုံးက ရွေးကောက်ပွဲရလာဒ်များကို လက်ခံခြင်း၊
• မျှတသော ရွေးကောက်ပွဲဥပဒေမူဘောင်များရှိခြင်း၊
• လွတ်လပ်၍စွမ်းဆောင်ရည်ရှိသော ရွေးကောက်ပွဲစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့များ ထားရှိခြင်း၊

၃။ ကိုယ်စားပြုခြင်း (Representation)
ပါလီမန်နှင့်အစိုးရတို့သည် ၎င်းတို့အလုပ်အကျွေးပြုမည့် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုထင်ဟပ်မှုရှိနေရ မည်ဖြစ်သည်။ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်းဥပေဒများသည် လူ့အဖွဲ့စည်းတွင်းရှိနေသော မတူကွဲပြားသည့်လူမှုအုပ်စုမျိုးစုံကို သက်ဆိုင်ရာဦးရေပမာဏအလိုက် မျှတစွာကိုယ်စားပြုမှုပေးနိုင်စေရန် စီမံထိန်းကြောင်း ပေးနိုင်ရမည်ဖြစ်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့်တွေ့မြင်နိုင်သည်။
• အားလုံးပါဝင်နိုင်စေမည့်ရွေးကောက်ပွဲစနစ်နှင့်ပါတီစနစ်များကိုကျင့်သုံးခြင်း၊
• ခွဲခြားဆက်ဆံမှုပပျောက်ရေးဥပဒေများပြဌာန်းထားရှိခြင်း၊
• အနှိမ်ခံလူမှုအုပ်စုပံ့ပိုးကူညီရေးမူဝါဒများချမှတ်ကျင့်သုံးခြင်း၊

၄။ တာဝန်ခံမှု (Accountability)
ပြည်သူလူထုကိုယ်စားဆုံးဖြတ်ချက်များကိုချမှတ်ပေးနိုင်ရန် ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးထားခြင်းဖြစ်သည်။ ထိုကြောင့်ပြည်သူအများစုလက်မခံနိုင်သော ဆုံးဖြတ်ချက်များကိုချမှတ်ကြသည့်အခါ အဆိုပါခေါင်းဆောင်နှင့် ကိုယ်စားလှယ်များကို ပြည်သူလူထုအနေဖြင့် ပြန်လည်ဖယ်ရှားနိုင်စွမ်းလည်းရှိရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် ၎င်းတို့ကျူးလွန်သော မည်သည့်အမှားအယွင်းမဆို၊ မည်သည့်မသမာမှုမဆိုတာဝန်ခံရမည်ဖြစ် သည်။ ၎င်းတို့ကို အောက်ပါ အင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့်တွေ့မြင်နိုင်သည်။
• တရားဥပေဒစိုးမိုးမှု၊ အာဏာခွဲဝေပိုင်းခြားကျင့်သုံးခြင်း၊
• လွတ်လပ်သော စာရင်းစစ်လုပ်ငန်းစနစ်ထားရှိခြင်း၊
• ပါလီမန်မှစောင့်ကြည့်စစ်ဆေးနိုင်သော အခွင့်အာဏာအခိုင်အမာရှိခြင်း၊

၅။ ပွင့်လင်းမြင်သာမှု (Transparency)
အစိုးရတွင်းရှိခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ချမှတ်လုပ်ဆောင်သောဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပွင့်လင်းမှုမရှိလျှင် ၎င်းတို့ကျူးလွန်နိုင်ဖွယ်ရှိသော မတရားမှုများ၊ လူထုလက်မခံနိုင်သောဆုံးဖြတ်ချက်များအတွက် တာဝန်ခံခိုင်းစေရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် အဆိုပါဆုံးဖြတ်ချက်များ၊ ဆောင်ရွက် ချက်များနှင့်ပတ်သက်သော သတင်းအချက်များကို အများပြည်သူမှ ရယူသိရှိနိုင်ရေးသည် များစွာအရေးကြီးပေသည်။
၎င်းတို့ကို အောက်ပါ အင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။
• သတင်းလွတ်လပ်ခွင့်ဥပဒေများ ပြဌာန်းပေးခြင်း၊
• လွတ်လပ်သော သတင်းမီဒီယာများထားခြင်း၊
• နိုင်ငံရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်၍ စည်းမျဉ်းဥပဒေများထားရှိခြင်း။

၆။ တုန့်ပြန်ဆောင်ရွက်မှု (Responsiveness)
ခေါင်းဆောင်နှင့်ကိုယ်စားလှယ်များသည် ပြည်သူလူထု၏ လိုအပ်ချက်များကိုအလေးထားဂရုစိုက် ရန်နှင့် အဆိုပါလိုအပ်ချက်များကို ထိရောက်စွာဖြည့်ဆည်းနိုင်မည့် ဆုံးဖြတ်ချက်များ၊ မူဝါဒများချမှတ်ပေးရန်အလွန်အရေးကြီးပေသည်။ တုန့်ပြန်ဆောင်ရွက်မှုရှိသောအစိုးရသည် ၎င်းပြည်သူ၏အသံကိုနားထောင်ပြီး ၎င်းပြည်သူ၏လိုအပ်ချက်များနှင့် စိုးရိမ်ပူပန်ချက်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့်ဆုံးဖြတ်ချက်များကို ချမှတ်ပေးလေ့ရှိသည်။ ၎င်းတို့ကို အောက်ပါ အင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။
• ဆုံးဖြတ်ချက်များချမှတ်ရာတွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊
• နိုင်ငံသားများနှင့်ထိတွေ့ဆောင်ရွက်မှုရှိခြင်းနှင့်နိုင်ငံသားများက တက်ကြွလှုပ်ရှားမှုရှိခြင်း၊
• ဒေသန္တရအစိုးများအား ဗဟိုချုပ်ကိုင်လျှော့ချ၍ အခွင့်အာဏာခွဲဝေပေးခြင်း။

၇။ ဗဟုဝါဒကျင့်သုံးမှု (Pluralism)
ဒီမိုကရေစီတွင် နိုင်ငံသားအားလုံး တန်းတူညီမျှမှုရှိကြသည်ဆိုသော်လည်း ကွဲပြားခြားနားမှုနှင့် လူနည်းစုများကတော့ ရှိနေကြစမြဲဖြစ်သည်။ ဗဟုဝါဒကျင့်သုံးမှုဟူသည် နိုင်ငံသားများအနေဖြင့် မိမိနှင့်မတူသောအခြားသူများ၏ အမြင်သဘောထားများ၊ အယူအဆများကို မိမိကိုယ်တိုင်သဘောတူခြင်းမရှိသည့်တိုင် အလေးထားနားထောင်ပေးခြင်းကိုဆိုလိုခြင်းဖြစ်ပြီး ၎င်းသည် ဒီမိုကရေစီတွင် များစွာအရေးကြီးပေသည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။
• နားလည်သည်းခံမှုနှင့် စေ့စပ်ညှိနှိုင်းမှုရှိခြင်း၊
• နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာပညာပေးမှုများ ပြုလုပ်ခြင်း၊
• နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို လေးစားလိုက်နာခြင်း။

၈။ တရားဥပဒေစိုးမိုးမှု (The rule of law)
ဒီမိုကရေစီအစိုးရတစ်ရပ်တွင် နိုင်ငံသားအားလုံးသည် ဥပဒေ၏ရှေ့မှောက်၌တန်းတူညီမျှရှိနေဖို့ အထူးလိုအပ်သည်။ ဆိုလိုသည်မှာ (ခေါင်းဆောင်လုပ်သူများအပါအဝင်) ချမ်းသာသော၊ သြဇာအာဏာရှိသော နိုင်ငံသားများသည်လည်း ဆင်းရဲသော၊ အာဏာမဲ့သော နိုင်ငံသားများနှင့်ဥပဒေအရ တန်းတူအခွင့်အရေးနှင့် တာဝန်များရှိနေပြီး နိုင်ငံသားအားလုံးသည် တရားမျှတမှုနှင့် တရားမျှတစွာဆက်ဆံခံရမှုတို့ကို တန်းတူခံစားခွင့်ရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့ကို အောက်ပါအင်စတီကျူးရှင်းများ၊ လက်တွေ့ကျင့်သုံးမှုများအနေဖြင့် တွေ့မြင်နိုင်သည်။
• လွတ်လပ်၍ခိုင်မာအားကောင်းသော တရားရေးစနစ်ရှိခြင်း၊
• တရားဥပဒေကို လေးစားလိုက်နာမှုရှိခြင်း၊
• အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားပြုမှုများကိုတားဆီးသည့်ဥပဒေများ အခိုင်အမာထားရှိခြင်း။

(Source: Public Participation for Democracy Training Manual Book)