DE

FNF Myanmar မှ တာဝန်ရှိသူများသည် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်

FNF Myanmar

FNF Myanmar မှ တာဝန်ရှိသူများသည် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်းမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဌဖြစ်သူ ဦးအောင်ကြည်၊ ဒေါ်မြတ်မြတ်စိုး (အဖွဲ့ဝင်)၊ ဒေါ်လဲ့လဲ့သွင် (အဖွဲ့ဝင်) နှင့် ကျန် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

FNF ဖိလီပိုင်ရုံးမှ ထုတ်ဝေသည့် "Citizen Primer Against Corruption" စာအုပ်ကို ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်နှင့် အဖွဲ့အား ပေးအပ်ခဲ့သည်။ ကော်မရှင်းအဖွဲ့မှလည်း အဆိုပါစာအုပ်အား စိတ်ဝင်စားပြီး အလားတူ စာအုပ်မျိုးကို မြန်မာနိုင်ငံအတွက် ထုတ်ဝေရန် စိတ်ဝင်စားမိကြောင်း ပြောသည်။

လစဉ်ပုံမှန်အားဖြင့် တိုင်တန်းစာ ၁၀ဝ၀ခန့်လက်ခံရရှိပြီး ထိုအထဲတွင် ကော်မရှင်နှင့် တိုက်ရိုက်သက်ဆိုင်သည့် တိုင်တန်းစာ ၂၀ခန့်ပါဝင်ကြောင်း ကော်မရှင်ထံမှ သိရသည်။ အများစုမှာ မြေယာကိစ္စများနှင့် အုပ်ချုပ်ရေးအာဏာအလွှဲသုံးစားလုပ်မှုများဖြစ်ကြောင်း သိရှိခဲ့ရပါသည်။