DE

ဂျာမနီနိုင်ငံ၏ ခေါင်းဆောင် Angela Merkel ၏မိန့်ခွန်းမှ ကောက်နုတ်ချက် 

FNF Myanmar

ဂျာမနီနိုင်ငံ၏ ခေါင်းဆောင် Angela Merkel မှ Friedrich Naumann Foundation (FNF) ၏ နှစ်၆၀ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် 
ဖောင်ဒေးရှင်းအနေနဲ့ ကတိပေးထားတဲ့အတိုင်း လွတ်လပ်မှုအတွက် အမှန်တကယ်ပင် တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲသလိုတိုက်ပွဲဝင်ရာမှာ အခက်အခဲတွေကို ရှောင်ဖယ်မသွားဘဲ လက်ရှိဆွေးနွေးပွဲတွေမှာ တက်ကြွစွာ ဆွေးနွေးခြင်းဖြင့် လစ်ဘရယ်သဘောတရားတွေကို ယနေ့ထိတိုင် ထောက်ပံ့နေပါတယ်။ 


လွတ်လပ်မှုဆိုတာ မိမိဘဝကို ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချမှတ်ကာ နေထိုင်ဖို့ ပြဌာန်းချက် ဖြစ်ပါတယ်။ အဲဒါအပြင် မိမိရဲ့လုပ်ရပ်တွေနဲ့ ခွဲခြားမှုလုပ်ငန်းတွေအတွက် တာဝန်ယူမှုလို့လည်း ဆိုလို့ ရပါတယ်။ FNF ဟာ ဒီသဘောတရားကို ကမ္ဘာတစ်လွှားမှာရှိတဲ့ ဒေသအသီးသီးမှာ ဒေသခံပြည်သူများ လူ့အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လာနိုင်စေဖို့ ပံ့ပိုးပေးခြင်းဖြင့် ပြည့်ဝအောင် ဆောင်ရွက်နေပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းဟာ တည်ထောင်သူဖခင်ကြီးဖြစ်တဲ့ Friedrich Naumann ရဲ့ ခံယူချက်ဖြစ်တဲ့ မိမိကံကြမ္မာကို မိမိလက်ဖြင့်သာ ဖန်တီးယူရမည် ဆိုတဲ့ အဆိုကို အထောက်အပံ့ ဖြစ်စေပါတယ်။ Friedrich Naumann အနေနဲ့လည်း ဖောင်ဒေးရှင်းရဲ့ နှစ်၆၀အတွင်း ဂျာမနီနိုင်ငံနဲ့ နိုင်ငံတကာမှာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ အောင်မြင်မှုများကို ကြည့်ပြီးတော့  ဂုဏ်ယူနေမြှာုဖစ်ပါတယ်။

အဲဒီအတွက်ကြောင့်မို့လို့ Friedrich Naumann Foundation ဟာ အနာဂတ်မှာလည်း မရှိမဖြစ်လိုအပ်တဲ့ ဖောင်ဒေးရှင်းတစ်ခုပင် ဖြစ်ပါတယ်။