DE

Humans of Freedom

ဘယ်သူကမှ လွတ်လပ်မှုဆိုတာ တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာမျိုးဆိုတဲ့အချက်ကိုတော့ ပြောလေ့မရှိကြဘူး။
FNF Myanmar

Eileen Lui (Marketing Consultant – City Mart Myanmar)

လူအများစုထင်ကြတဲ့ လွတ်လပ်မှုဆိုတာကလွတ်လပ်စွာဆုံးဖြတ်ချက်ချမယ်၊ ကိုယ့်ရဲ့ သဘောဆန္ဒအတိုင်းနေထိုင်တက်တာလို့ ထင်ကြပါတယ်။ ဒါပေမယ့်ဘယ်သူကမှ လွတ်လပ်မှုဆိုတာ တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာမျိုးဆိုတဲ့အချက်ကိုတော့ ပြောလေ့မရှိကြဘူး။

ငယ်ငယ်တုန်းက ကျွန်မက ပုံမှန်မြင်နေကျအာရှက မိသားစုတွေလိုပဲ  မိဘတွေရဲ့ ချုပ်ချယ်မှုကြားမှာ နေလာခဲ့ရပါတယ်။ ငယ်ငယ်ကဆို  သူတို့ချုပ်ချယ်မှုကြားကနေ တွန်းလှန်ခဲ့ရတာပေါ့။

ကျွန်မလွတ်လပ်မှုဆိုတဲ့စကားလုံးအတွက်ကို တိုက်ပွဲဝင်ခဲ့ရတာပေါ့။ လွတ်လပ်မှုဆိုတာ ကျွန်မရွေးချယ်သင်ကြားခဲ့တဲ့ သင်ခန်းစာတစ်ခုပဲ။ လွတ်လပ်မှုဆိုတာ ကျွန်မရွေးချယ်ဝတ်ဆင်တဲ့ အဝတ်အစားတစ်ခုပဲ။ လွတ်လပ်မှုဆိုတာ ကျွန်မ ရွေးချယ်လိုက်တဲ့ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားလာဖို့ ပဲ ။စသဖြင့် ..  အများကြီး၊ အများကြီးပါပဲ။ မှတ်မိသေးတယ် ကျွန်မလေ တစ်ခုခုလုပ်ခွင့်ရလိုက်တဲ့အချိန်တိုင်းမှာ ကျွန်မမိဘတွေက အမှားတွေလုပ်မိမှာစိုးလို့ အမြဲ ဆုံးမ ပြောလေ့ရှိတဲ့  စာမေးပွဲမကျစေနဲ့တို့ မကောင်းတဲ့သူတွေကို အပေါင်းအသင်းမလုပ်ရဘူးတို့လို  စကားတွေနဲ့ ကျွန်မ မိဘတွေ ကျွန်မအပေါ်ပေးထားတဲ့ ယုံကြည်မှုကို ထိန်း ရမယ်ဆိုတာ သိနေပြီး ကျွန်မအတွက် လွတ်လပ်မှုဆိုတာကိုလည်း တာဝန်ယူတက်မှုနဲ့ ဆက်ပြီးပျော်မေ့ွလာတယ်။

ပြောရမယ်ဆို ငယ်ငယ်ကတည်းက တာဝန်ယူတက်မှု၊တာဝန်ခံတက်မှုကို သိခဲ့ရပါတယ်။

လွတ်လပ်မှုဆိုတာမျိုးက လူတွေကို ဘာလုပ်၊ဘာလုပ်ဆိုပြီးပြောဖို့  စောင့်နေမယ့်အစား  သူတို့လုပ်ရပ်တွေက တာဝန်ယူမှု တာဝန်ခံမှုကိုပါ တစ်ပြိုင်တည်းရှိနေတဲ့ လွတ်လပ်မှုပုံစံမျိုးပေါ့။

အပေါ်မှာပြောခဲ့သလိုပဲ ကျွန်မက ငယ်ငယ်လေးကတည်းက ပြောရမယ်ဆို မူလတန်းလောက်ကတည်းက စည်းမျဉ်းစည်းကမ်းဆိုတာတွေကို နားထောင်ဖို့မွေးလာခဲ့တာမဟုတ်ဘူးပေါ့ 

နောက်ပြီး လူတွေကိုလည်း သူတို့အသိုက်အဝန်း သူတို့တိုင်းပြည်အတွက် အပြုသဘောဆန်တဲ့ အရာတွေလုပ်ရင်းနဲ့ပဲ လွတ်လပ်မှုတွေရရှိလာနိုင်ပါစေလို့လည်း ကျွန်မမေ ျှာ်လင့်ပါတယ်။

နောက်ပြီးတော့ လွတ်လပ်မှုဆိုတာနဲ့ထပ်တူပဲ တာဝန်သိတက်မှုကိုလည်း ကောင်းကောင်းနားလည်နိုင်မယ်လို့လည်း ကျွန်မ မေ ျှာ်လင့်မိပါတယ်။