DE

Humans of Freedom

အထူးသဖြင့်ကျွန်တော်တို့ အရွယ်တွေလို ငွေကြေးအရ အမှီအခိုမလွတ်ကင်းသေးတဲ့ ကျွန်တော်တို့ လိုလူငယ်တွေ အတွက်လွတ်လပ်မှုဆိုတာရဖို့ တော့ခက်ခဲ့ပါတယ်
Humans of Freedom

စိုးဇာနည်ထွန်း (လူငယ်ဒါရိုက်တာ) 

လွတ်လပ်မှုဆိုတာက လွတ်လပ်စွာနေထိုင်နိုင်တဲ့ အခြေအနေတစ်ခုလို့ ခံယူပါတယ်။

အဲ့ဒါက အထူးသဖြင့်ကျွန်တော်တို့ အရွယ်တွေလို ငွေကြေးအရ အမှီအခိုမလွတ်ကင်းသေးတဲ့ ကျွန်တော်တို့ လိုလူငယ်တွေ အတွက်လွတ်လပ်မှုဆိုတာရဖို့ တော့ခက်ခဲ့ပါတယ်။

အထူးသဖြင့် အသက် ၂၀ ဝန်းကျင်လူငယ်တစ်ယောက်အတွက် ဒီအသက်အရွယ်မှာ ကိုယ်ဝါသနာပါရာကို တစ်စိုက်မတ်မတ်အားထုတ်ဖို့က ခက်ခဲပါတယ်။

အာရှမိသားစုတချို့မှာက မိဘတွေက အနုပညာ၊ဂီတ အပါအဝင် ဝင်ငွေသေချာပေါက်အမြဲရနေမယ့်အရာမဟုတ်တာတွေကို သူတို့က သိပ်အားမပေးချင်ကြဘူး ။ 
အဲ့ဒါကလည်း မှားတာရယ်လို့ မပြောချင်ပါဘူး။

အထူးသဖြင့် အနုပညာနဲ့ ပါတ်သတ်တာတွေကို သိပ်အားမပေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ပညာရေးခိုင်ခိုင်မာမာနဲ့ အလုပ်အကိုင်ကောင်းတစ်ခုမှ မရှိရင် နေထိုင်စားသောက်ဖို့က ခက်ခဲတာကိုး။

လွတ်လပ်မှုဆိုတာ သိပ်မရှိတော့တဲ့အခါ တဖြည်းဖြည်းနဲ့ လူငယ် အနုပညာရှင်တွေက သူတို့မှာ ရှိတဲ့ စွမ်းရည်တွေကို   စွန့်လွှတ်လိုက်ကြပြီးတော့ အိပ်မက်တွေကိုပါ လက်လျှော့လာကြတယ်။ဒါကတော်တော်ဝမ်းနည်းဖို့ ကောင်းပါတယ်။

ကျွန်တော့်အနေနဲ့ အဲ့ဒါအတွက်လည်း အတက်နိုင်ဆုံးအဖြေတစ်ခုထွက်ဖို့ ကြိုးစားနေသလို  အခက်အခဲတွေကြားထဲက အနုပညာလုပ်ဆောင်နေသူတွေအားလုံးကိုလည်း သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ပျော်ရွှင်တဲ့ ဘဝတွေပိုင်ဆိုင်ဖို့လည်း ဆုတောင်းချင်ပါတယ်။