Humans of Freedom
![Hannay Lwin Lwin](/sites/default/files/import/2019-07/19006-hof_final_.jpg.jpeg)
မိဘတွေနဲ့ မဟုတ်ဘဲနဲ့ လွတ်လွတ်လပ်လပ်နေရတာက ၁၇ နှစ်နှစ်တုန်းက စကာင်္ပူမှာ ကျောင်းတက်တုန်းကစပြီးတော့ အရမ်းကြီး ကြပ်တာမဟုတ်ဘဲ ကိုယ့်ဘာကိုယ်ကျောင်းသွားရတယ်။ကိုယ့်ဘာကိုယ်ပဲနေရတယ်။အဲ့ဒါက စခဲ့တာပေါ့။လွတ်လပ်မှုမှာ နှစ်မျိုးရှိတယ်။ emotional freedom နဲ့ physical freedom ရယ်ဆိုပြီးတော့ ရှိတယ်။ emotional ဆိုတာက စိတ်အေးချမ်းရမယ်။အဲ့ဒါက ခူးအတွက် ခက်တယ်။ Negative thoughts တွေမရှိရဘူးပေါ့ ။ ပုံမှန်အားဖြင့် ခူးခူးက စိတ်က emotional ဖြစ်တော့ emotional freedom ကိုပိုလိုချင်တယ်။ Physical freedom ကကျတော့ကိုယ်သွားချင်တာသွားလို့ရတယ်။ ပြောချင်တာပြောခွင့်ရှိတယ်။ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းစရာမရှိဘူး။ emotional freedom ကိုပိုကြိုက်တယ်။ freedom ကိုတော့နှစ်မျိုးလုံးကိုပိုလိုချင်တယ်။ ဘ၀ကိုတော့ ရှေ့ဆက်ပြီးတော့ ကိုယ်ပျော်တာကိုပဲကိုယ်လုပ်ပြီးတော့ စိတ်ချမ်းသာရတာမျိုးလေးကို ပိုဖြစ်ချင်တယ်။ အခုကိုယ်တိုင်ကလည်း music နဲ့ ပါတ်သတ်ပြီးကျောင်းလည်း ဖွင့်ထားတယ်ဆိုတော့ music နဲ့ပါတ်သတ်ပြီးလုပ်သွားရတာကိုပဲစိတ်ချမ်းသာတယ်။ ကိုယ့်ရဲ့ စိတ်လွတ်လပ်မှုအရဆိုရင်တော့ ပုံလေးတွေ ဆွဲဖြစ်တယ်။ အနုပညာသမားတစ်ယောက်အတွက်က freedom က အရေးအပါဆုံးလို့ထင်တယ်။ ဘာလို့ဆိုတော့ freedom မရှိရင် ပိတ်သွားမှာလေ။ creative လည်း မဖြစ်တော့ဘူး။သူများ Judge လုပ်တာတွေကို မတွေးမိဖို့လိုတယ်။ သူများက ဘယ်လိုထင်မလဲဘာညာဆိုတာကို အရမ်းတွေးမိလို့ရှိရင် အဆင်မပြေဘူး။ freedom က အနုပညာဖန်တီးသူတွေအတွက် အရမ်းအရေးကြီးပါတယ်။