DE

လစ်ဘရယ်၏ အဓိကတန်ဖိုးများကား အဘယ်နည်း။

FNF

FNF

©

လူသားများသည် သဘာဝအကြောင်းတရားအရ ပေးအပ်ထားသော မရှိမဖြစ်လိုအပ်သည့် တစ်ဦးချင်းပုဂ္ဂိုလ်များ ဖြစ်ကြပြီး အားလုံးအတွက် လွတ်လပ်ခွင့်နှင့် တစ်ပြေးညီဖြစ်သော လွတ်လပ်ခွင့်ကို ခံစားထိုက်သည်ဟု ကျွန်ုပ်တို့ယုံကြည် သည်။ မည်သို့ဆိုစေကာမူ တန်းတူညီမျှမှုနှင့် တူညီသော အခွင့်အရေးများသည် တာဝန်ရှိမှုနှင့် အလုပ်ကြိုးပမ်းမှုတို့နှင့် ယှဉ်တွဲနေရမည်ဖြစ်သည်။ အဆိုပါ အခြေခံမူများကို အောက်ပါတို့ပါဝင်သော လစ်ဘရယ်၏ အဓိကန်ဖိုးများတွင် ရှင်း လင်းဖော်ပြထားသည်။• တစ်သီးပုဂ္ဂလ လွတ်လပ်စွာယုံကြည်ခွင့်ဝါဒ - လူမှုရေးအုပ်စု သို့မဟုတ် စုပေါင်းထားသော အဖွဲ့အစည်းတစ်စုံ တစ်ရာနှင့်ပတ်သက်၍ တစ်ဦးချင်းစီယုံကြည်မှု၏ အရေးပါမှု။• အကြောင်းအကျိုးဆင်ခြင်မှုအဓိကဝါဒ - ကမ္ဘာကြီးတွင် ကျိုးကြောင်းဆင်ခြင်နိုင်သော ဖွဲ့စည်းပုံရှိပြီး ယင်းကို လူသား၏ ဆင်ခြင်မှုအလေ့အကျင့်နှင့် ဝေဖန်စူးစမ်းမှုတို့ဖြင့် ဖော်ထုတ်နိုင်သည်ဟူသော ယုံကြည်မှု။• လွတ်လပ်ခွင့် - ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်အညီ တွေးခေါ်နိုင်စွမ်း သို့မဟုတ် ဆောင်ရွက်နိုင်စွမ်း။• တာဝန်ယူမှု - ကိုယ်တိုင်အတွက်ဖြစ်စေ ကိုယ်ပိုင်စီးပွားရေးနှင့် လူမှုရေးအခြေအနေအတွက်ဖြစ်စေ တာဝန်ရှိမှု။
• တရားမျှတမှု - ချီးမြှင့်မှုများနှင့် အပြစ်ပေးမှုတို့၏ စာရိတ္တအားဖြင့် တရားမျှတသော ဖြန့်ဝေမှု။• စိတ်ရှည်သည်းခံမှု - သည်းခံမှု၊ သဘောမတူသော သို့မဟုတ် အတည်မပြုသော အမြင်များ သို့မဟုတ် လုပ်ရပ် များကို လက်ခံလိုသော ဆန္ဒ။(ကိုးကား။ ။ Liberalism – a primer BY JULIO C. TEEHANKEE, Ph.D. 2005 စာအုပ်မှ ကောက်နုတ်ဖော်ပြသည်)