DE

လစ်ဘရယ်ဝါဒနှင့် တစ်ဦးချင်းစီ၏ လွတ်လပ်မှု

FNF Myanmar

လစ်ဘရယ်ဝါဒ၏ အဓိကစံမှာ တစ်ဦးချင်းလွတ်လပ်မှုဖြစ်သည်။ လစ်ဘရယ်များမှ တစ်ဦးချင်းစီ၏ အခွင့်အရေးများနှင့် တာဝန်များကို အလေးထားသည်။ လူတစ်ယောက်စီတိုင်းသည် အရေးပါပြီး မျှော်မှန်းချက်များရှိကာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိပြီး မိမိကိုယ်တိုင် အားကိုးနိုင်စွမ်းရှိသည်။ လစ်ဘရယ်စီးပွားရေးပညာရှင်နှင့် အတွေးအခေါ်ပညာရှင် Friedrich A. von Hayek မှ ထိုလစ်ဘရယ် ဝါဒ၏ ရှှုု့ထောင့်အပေါ်တွင် အခြေခံလျှက် (The Constitution of Liber The Consittution of Liberty)တစ်ယောက်ချင်းစီ၏ ကိုယ်ပိုင် စံနှုန်းများရှိသည်ကို အသိအမှတ်မပြုသည့် လူမှုအဖွဲ့အစည်းသည် တစ်ယောက်ချင်းစီ၏ ဂုဏ်သိက္ခာအတွက် လေးစားမှုမရှိနိုင်သလို လွတ်လပ်မှုကိုလည်း အမှန်တကယ်သိရှိမည်မဟုတ်ပါဟု ဆိုထားသည်။

အခြေခံသဘောတရားများအား ခဏဘေးဖယ်ထားလျှင် တစ်ယောက်ချင်းစီတို့သည် မိမိအတွေ့အကြုံများမှ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဆောင်ရွက်သည့်သဘောရှိပြီး သာမန်အသိ အပေါ် အခြေခံလျှက် ကျိုးကြောင်းဆီလျှော်မှုရှိသော ဆုံးဖြတ်ချက်များကို ချမှတ်လျှက်ရှိကြောင်း ကျွန်ုပ်တို့အား ပြသခဲ့ပြီး ဖြစ်သည်။ လိုအပ်လျှင် ၎င်းတို့ကိုယ်တိုင် မလုပ်ဆောင်နိုင်သော အရာများအား လုပ်ဆောင်နိုင်ရန်အတွက် အခြားသူများဖြင့် ပူးပေါင်းဆောင်ရွက်လိမ့်မည်။ တစ်ယောက်ချင်းစီသည်၊ လစ်ဘရယ်များ၏ အဆိုအရ၊ အစိုးရများနှင့် ဗျူရိုကရက်များထက် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။ ၎င်းမှာ ထင်မြင်ချက်တစ်ခုသာ မဟုတ်ပါ။

ကျွန်ုပ်တို့၏ ဒီမိုကရက်တစ် နိုင်ငံရေးစနစ်သည် လူထုအနေဖြင့် ၎င်းတို့အတွက် မည်သည်မှာ အကောင်းဆုံးဆိုသည်ကိုသိပြီး ဆီလျှော်စွာ မဲပေးတတ်သည်ဟူသော ယူဆချက်ပေါ်တွင် အခြေခံထားသည်။ လူထုမှ ထိုကဲ့သို့ စွမ်းဆောင်ရည်မရှိဟု ကျွန်ုပ်မှ ယုံကြည်လျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို ကျွန်ုပ်မှ လိုလားပါမည်လား။

လစ်ဘရယ်များမှ နောက်ထပ်တစ်ဆင့် ထက်တက်သည်။ ၎င်းတို့မှ တစ်ယောက်ချင်းစီသည် ဘဝ၏ နယ်ပါယ်အများစုတွင် ကိစ္စရပ်များကို ၎င်းတို့ဘာသာ ကိုင်တွယ်လျှင် ပိုမိုကောင်းမွန်သော အခြေအနေဖြစ်အောင် လုပ်ဆောင်နိုူင်သည်ဟု ယုံကြည်ကြသည်။ လွတ်လပ်မှု အယူအဆ၏ ဆင့်ပွားဖြစ်သော အောက်ခြေအဆင့်မှ ဆုံးဖြတ်သည့် အတွေးအခေါ်အား လက်ခံသည်။

လစ်ဘရယ်များသည် လူအများစု၏ ဆုံးဖြတ်ချက်ဖြင့် လိုက်နာရသော ဒီမိုကရေစီကျသည့် သဘောတူညီချက်ဖြင့် ကိစ္စရပ်များကို လုပ်ဆောင်ခြင်းထက် ကိစ္စရပ်များအား တစ်ဦးတည်းသော လုပ်ဆောင်ခြင်းကို အမြဲတမ်းလိုလားကြပါသည်။ အခြေခံအားဖြင့် Subsidiarity ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ဖြစ်နိုင်သော လုပ်ဆောင်ချက်များကို တစ်ဦးချင်းစီ (သို့) အနိမ့်ဆုံးအဆင့်သို့ လွှဲပေးခြင်းကိုဆိုလိုသည်။ တစ်ယောက်ချင်းစီမှ မကိုယ်တွယ်နိုင်လျှင် မိတ်ဆွေများ (သို့) အိမ်နီးချင်းများမှ အကူအညီပေးနိုင်သည်။

တစ်ဦးချင်းစီနှင့် ရပ်ရွာမှ ကိစ္စရပ်အား မကိုင်တွယ်နိုင်သော အခါမှသာလျှင် ရွေးချယ်တင်မြှောက်ခံထားရသော ဒေသအဆင့် အာဏပိုင်မှ ဝင်ရောက်ဆောင်ရွက် သင့်သည်။ ဒေသအဆင့် အာဏပိုင်မှ မကိုင်တွယ်နိုင်သောအခါ ပိုမိုအဆင့်မြင့်သော အာဏာပိုင်များမှ ဝင်ရောက် ဆောင်ရွက်သင့်သည် စသည်ဖြင့်ဖြစ်သည်။ subsidiarity အပူအဆသည် အခြေခံသဘောတရားအားဖြင့်သာ မဟုတ်ပါ။ အတွေ့အကြုံများမှ အစိုးရသည် အရာရာအားလုံးအား လုပ်ဆောင်ရန် မျှော်မှန်း၍မရနိုင်ပဲ ပုဂ္ဂလိက လုပ်ငန်းများသည် အစိုးထက် လူထုအား လိုအပ်သည့်အရာများကို ပေးအပ်ရာတွင် ပုံမှန်အားဖြင့် ပိုမိုကောင်းမွန်ကြောင်းကို ကျွန်ုပ်တို့အား ပြသခဲ့ပါသည်။

(FNF Myanmar မှ ၂၀၁၈ခုနှစ်တွင် ထုတ်ဝေသော ‘လစ်ဘရယ်ဝါဒ မိတ်ဆက်’ စာအုပ်မှ ကောက်နှုတ်ချက်။)