DE

လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူများကိုပေးအပ်သည့် Digital Courage Award 2019

ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် ဆောင်ရွက်ခဲ့ကြသူများကို အလေးထားသောအားဖြင့် အဆိုပါဆုကို Friedrich Naumann Foundation Myanmar မှ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။
@FNFMyanmar

Friedrich Naumann Foundation Myanmar မှ ဒစ်ဂျစ်တယ်ခေတ်တွင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ကြသူများကိုရည်ရွယ်ပေးအပ်သည့် Digital Courage Award ၂၀၁၉ ကို နိုဝင်ဘာလ ၂၇ ရက်နေ့ ၊ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် Digital Courage Award Gala Dinner night အခမ်းအနားဖြင့် ပေးအပ်ခဲ့ပါသည်။

ဒစ်ဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုအတွက် ဆောင်ရွက်ခဲ့ကြသူများကို အလေးထားသောအားဖြင့် အဆိုပါဆုကို Friedrich Naumann Foundation Myanmar မှ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

လွန်ခဲ့သောအချိန်များက လူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော လူသိများ ထင်ရှားမှုမရှိသည့် သူရဲကောင်းများစွာ မြန်မာနိုင်ငံတွင် ရှိခဲ့ပါသည်။

ပြည်သူများမှ မသိခဲ့ကြသဖြင့် သူတို့ ရသင့်သည့် အသိအမှတ်ပြုမှုကို မရခဲ့ကြဘဲ သူတို့၏ အဖြစ်အပျက်များသည် သမိုင်းရေစီးကြောင်းတွင် နစ်မြုတ် သွားကြရသည်။

မိုဘိုင်းဆက်သွယ်ရေးနည်းပညာများသည် မကြာသေးမီကာလအတွင်း သတင်း အချက်အလက်များ ရရှိနိုင်မှုကို ပိုမိုတိုးတက်လာစေပြီး၊ လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေသူများက အခြားသူများကို ထိရောက်စွာ ပိုမို ထိတွေ့နိုင်စေရန် ပြုလုပ်ပေးခဲ့ပါသည်။ ထိုနည်းဖြင့် ထင်ရှား သည့်နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များသာမက သာမန်သူများပင်လျှင် လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ရာ၌ အပြောင်းအလဲဖော်ဆောင်သူများ ဖြစ်လာပါသည်။

FNF သည် ထိုအပြောင်းအလဲဖော်ဆောင်သူများနှင့် ပွင့်လင်းသည့်လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာ တွင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာများအသုံးပြုခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပါသည်။ ထို့ကြောင့် FNF သည် သူတို့၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုချီးမြှင့်ရန်နှင့် အခြားသူများကိုလည်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ရာတွင် စိတ်ဓါတ်တက်ကြွလာစေရန် ပြုလုပ်ပေးချင်သည့် ဆန္ဒရှိပါသည်။ Digital Courage Award ကို မြန်မာနိုင်ငံရှိ သတ္တိအပြောင်မြောက်ဆုံး လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေသူများ ကို နှစ်စဉ်ချီးမြှင့် ခြင်းဖြစ်သည်။
ယခုနှစ်အတွက် Digital Courage Award ဆုရှင်အဖြစ် ဦးရဲမြတ်သူ (ကော်မတီဝင် (MCDC)) အား ပေးအပ်ခဲ့ပါသည်။


ဦးရဲမြတ်သူအား ဒီဂျစ်တယ်နည်းပညာအသိုင်းအဝိုင်းတွင် အများနှင့်မတူဘဲ ထူးခြားသည့် သူရသတ္တိပြနိုင်သူဟု ယူဆသည့်အတွက် ပေးအပ်ခြင်းဖြစ်သည်။
“‘ကျွန်တော်တို့ရဲ့ ဘဝတွေကို ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှုလောက် သိသိသာသာ ပြောင်းလဲစေခဲ့တဲ့အရာ အနည်းငယ်သာ ရှိပါတယ်။ လစ်ဘရယ်တွေအနေနဲ့ ကျွန်တော်တို့ဟာ နည်းပညာတိုးတက်ပြောင်းလဲမှုကို လွတ်လပ်မှု တိုးတက်လာဖို့ အခွင့်အလမ်း အဖြစ် အမြဲတမ်း ရှုမြင်သော်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကိုလည်း လစ်လျူရှုထားတာမျိုး မဟုတ်ပါဘူး။ Digital Courage Award နဲ့ ကျွန်တော်တို့က တကယ့်အပြင်ကမ္ဘာမှာရော၊ ဒစ်ဂျစ်တယ်လောကမှာပါ ခေတ်မီ နည်းပညာတွေကို လွတ်လပ်မှု မြှင့်တင်တဲ့ ကိရိယာအနေနဲ့ သုံးကြတဲ့ ထူးချွန်ထက်မြက်သော အမျိုးသမီးနဲ့ အမျိုးသားတွေကို ဂုဏ်ပြုပါတယ် “ ဟု Friedrich Naumann Foundation ၏ မြန်မာနှင့် ထိုင်းနိုင်ငံရုံး အကြီးအကဲဖြစ်သူ Mr. Frederic Spohr  က ပြော ကြားခဲ့ပါသည်။

ဆုရရှိခဲ့သူ ဦးရဲမြတ်သူသည် ဒီဂျစ်တယ် အသိုင်းအဝိုင်းတွင် လူအများအတွက် အကျိုးရှိစေရန်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

အဆိုပါ ဆုအတွက် အချက်သုံးချက်အပေါ် အခြေခံကာ ဆန်ခါတင် ၁၀ ဦးအနက်မှ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သတ္တိရှိမှု၊လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခြင်း ၊အများအတွက် စံပြဖြစ်နိုင်မှုစသည့်အချက်များဖြင့် အကဲဖြတ်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။