DE

လွတ်လပ်သောဈေးကွက်သည် စားသုံးသူများအား မည်သို့ အကျိုးဖြစ်ထွန်းစေသနည်း

FNF Myanmar


ဈေးကွက်သည် အရည်အသွေးနှင့် ဈေးနှုန်းကို နှိုင်းယှဉ်သော စားသုံးသူ သန်းပေါင်းများစွာနှင့်သာမက အချင်းချင်းလည်း တွေ့ကြုံကြ ရသော စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးချင်း ပုဂ္ဂိုလ်ထောင်ပေါင်းများစွာ နှင့် ပြည့်နှက်နေသည်။ သီးခြားထုတ်ကုန်ပစ္စည်းတစ်ခုသည် အရောင်း တွင်ကျယ်လာလျှင် အခြား ထုတ်လုပ်သူများကလည်း ထိုပစ္စည်းကို ထုတ်လုပ်ကြပေလိမ့်မည်။ ထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ရောင်းလိုအား ကျဆင်းသွားစေသည်။ ထိုစနစ်သည် ယှဉ်ပြိုင်သူသစ် များအား ဝင်ရောက်ခွင့်ပေးပြီး မအောင်မြင်သူများအား ထွက်ခွာခွင့်ပေး ခြင်းဖြင့် စားသုံးသူဝယ်လိုအားအပြင် လုံးဝလွတ်လပ်စေခြင်း နှစ်ရပ် စလုံး၏ ထိခိုက်လွယ်မှုကို ဆိုလိုပေသည်။ ဈေးနှုန်းများသည် ဝယ်လို အားပမာဏကို သစ္စာရှိစွာ မှတ်ပုံတင်ပေးပြီး ထုတ်လုပ်အားက ယင်း ကို ထိန်းညှိပေးသည်။
အကောင်းဆုံးမျှော်မှန်းချက်အနေဖြင့် ယင်းသည်ဈေးနှုန်းများ ကို သတ်မှတ်ခြင်းမပြုနိုင်လျှင် ထုတ်လုပ်မှု ပမာဏကို ထိန်းချုပ်ခြင်း မပြုနိုင်လျှင်နှင့် ယှဉ်ပြိုင်မှုသည် လက်ဝါးကြီးအုပ်မှုများ သို့မဟုတ် လုပ်ငန်းရှင်များစုပေါင်းသော လက်ဝါးကြီးအုပ်အဖွဲ့များ မဖြစ်စေနိုင် လျှင် စားသုံးသူများအား အကျိုးဖြစ်ထွန်းစေသော စနစ်ဖြစ်သည်။ လုပ်ထုံးလုပ်နည်းများသည် ပေးချေရမည့်လုပ်ခများ သတ်မှတ်ခြင်းနှင့် ထုတ်ကုန်ပစ္စည်းသစ်များ၏ ဈေးနှုန်းသတ်မှတ်ခြင်းတို့တွင် ထုတ် လုပ်မှုနှင့် ဝယ်လိုအား၏ တူညီသော ဥပဒေပေါ်တွင် အခြေခံသဖြင့် အကျိုးကျေးဇူးရရှိစေသည်။ စနစ်သည် ထုတ်လုပ်မှုနှင့် အလိုဆန္ဒများ ကျေနပ်မှုနှစ်ရပ်စလုံးအတွက် အကောင်းဆုံးယန္တရားကို ဖြည့်ဆည်း ပေးပေသည်။
(ကိုးကား။ ။ Liberalism – a primer BY JULIO C. TEEHANKEE, Ph.D. 2005 စာအုပ်မှ ကောက်နုတ်ဖော်ပြသည်)