DE

လူ့အခွင့်အရေးများသည် အဘယ်နည်း

HR

လူ့အခွင့်အရေးများသည် လူသား၏ အခြေခံ မရှိမဖြစ်လိုအပ်ချက်များကို ထင်ဟပ်သည်။ ၎င်း
တို့မရှိလျှင် လူများဂုဏ်သိက္ခာနှင့် မနေနိုင်သော အခြေခံ စံသတ်မှတ်ချက်များကို လူ့အခွင့်အရေးများက
ထူထောင်ချမှတ်သည်။ တစ်စုံတစ်ဦး၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းက ၎င်းအား သူ (သို့မဟုတ်)
သူမသည် လူသားတစ်ယောက်မဟုတ်သကဲ့သို့ ဆက်ဆံခြင်းမည်သည်။ လူ့အခွင့်အရေးကို အားပေးမြှင့်
တင်ခြင်းက လူသားအားလုံး၏ လူ့ဂုဏ်သိက္ခာကို လေးစားမှုရှိရန် ရပ်တည်တောင်းဆိုခြင်းမည်သည်။

• လူ့အခွင့်အရေးများကို လူသားအားလုံးက ညီတူညီမျှ၊ လူတိုင်းနှင့်သက်ဆိုင်မှုအဖြစ် အမြဲ
ထာဝစဉ် လက်ဝယ်ပိုင်ဆိုင်သည်။

• လူ့အခွင့်အရေးများသည် လူတကာနှင့်ဆိုင်သည် - ၎င်းတို့သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ
မဆိုမှ လူသားအားလုံးအတွက် အမြဲအတူတူဖြစ်သည်။ သင်သည် နိုင်ငံတစ်ခုခု၏ နိုင်ငံသား
ဖြစ်ခြင်းကြောင့် လူ့အခွင့်အရေးများ ရှိခြင်းမဟုတ်ဘဲ လူ့မိသားစု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်
ခြင်းကြောင့် လူ့အခွင့်အရေးများ ရှိခြင်းဖြစ်သည်။

• လူ့အခွင့်အရေးများကို ဟိုဒီလွှဲပြောင်း၍မရ - သင် အသက်ရှင်နေသေးသမျှ ဤအခွင့်အရေး
များကို သင်မဆုံရှုံးရနိုင်။

• လူ့အခွင့်အရေးများကို ခွဲခြမ်းထုတ်နှုတ်၍မရ - ‘အရေးပါမှုနည်းသည်' သို့မဟုတ် ‘မုချ
လိုအပ်မှုမဟုတ်' ဖြစ်သည်ဆိုခြင်းကြောင့် အခွင့်အရေးတစ်ခုကို မည်သူမှ မဖယ်ထုတ်နိုင်။

• လူ့အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီပြုနေသည် – လူ့အခွင့်အရေး
ချိုးဖောက်မှုများက အပြန်အလှန်ဆက်စပ်နေသည်၊ အခွင့်အရေးတစ်ခု ဆုံးရှုံးခြင်းသည်
အခြားအခွင့်အရေးများ ထိပါးနှိမ့်ချခံရခြင်းဖြစ်သည်။ အလားတူ နယ်ပယ်ကဏ္ဍတစ်ခုတွင်
လူ့အခွင့်အရေး အားပေးမြှင့်တင်ခြင်းက အခြားလူ့အခွင့်အရေးများကို ထောက်ပံ့အားပေးခြင်း
ဖြစ်သည်။

• အခွင့်အရေးများကို တောင်းဆိုရာတွင် လူတိုင်းသည် တာဝန်များကိုလည်း လက်ခံရသည် -
အခြားသူများ၏ အခွင့်အရေးများကို လေးစားရန်နှင့် အခွင့်အရေးများ မတော်မတရားပြုခံရ
သို့မဟုတ် ငြင်းပယ်ခံရသူများကို အကာအကွယ်ပေးရန်၊ ထောက်ပံ့အားပေးရန်ဖြစ်သည်။
ယင်းတာဝန်များ ကျေပွန်ခြင်းက အခြားလူသားအားလုံးနှင့် စည်းလုံးညီညွတ်မှု ရယူနိုင်ခြင်း
ဖြစ်သည်။