DE

လူမှုရေးလွတ်လပ်မှုဟူသည် အဘယ်နည်း

FNF Myanmar


တစ်ဦးချင်းပုဂ္ဂိုလ်များအား ၄င်းတို့၏ ပင်ကိုယ်စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများနှင့်အညီ အလုပ်လုပ်၍နေထိုင်စေ ရန် မှန်ကန်သော အသိအမှတ်ပြုမပေးလျှင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ထုတ်ဖော်ပြောကြားခွင့်နှင့် ကိုယ်ရေးကိုယ်တာအရ အစိုးရထံမှ အကာအကွယ်ခံယူခွင့်တို့နှင့် နိုင်ငံသားအခွင့်အရေးများတွင် တန်ဖိုးအနည်းငယ်မျှသာ ရှိပေသည်။ လူမှုရေး လွတ်လပ်မှုသည် ယနေ့ကျွန်ုပ်တို့ရည်ညွှန်းကိုးကားနေသော တိုးတက်မှုအတွက် အခွင့်အလမ်းများ သို့မဟုတ် လူမှုရေး ရွေ့လျားနိုင်စွမ်းကဲ့သို့ ကိုက်ညီဆီလျောပေသည်။ လူမျိုးစု၊ ယုံကြည်သက်ဝင်မှုနှင့် ၄င်းတို့မိဘများ၏အနေအထားကို ပဓာနမထားဘဲ လူ့အဖွဲ့အစည်းအတွင်း ၄င်းတို့၏ စွမ်းဆောင်မှုများနှင့် အချိုးအစားညီသော အဆင့်အတန်းတစ်ရပ်ကို ရရှိစေရန် အခွင့်အလမ်းအားလုံးကို ဖြည့်ဆည်းပေးရေးသည် တစ်ဦးချင်းပုဂ္ဂိုလ်အားလုံး၏ အခွင့်အရေးဖြစ်သည်။ ကိုယ်ရေးကိုယ်တာလွတ်လပ်မှုများသည် လစ်ဟာလာပေလိမ့်မည် သို့မဟုတ် ထုံးစံအတိုင်း ဖော်ပြချက်များသက်သက် မျှသာ ဖြစ်လာပေလိမ့်မည်။ အားလုံးအတွက် ညီမျှသောအခွင့်အလမ်းများပေးမှသာလျှင် အားလုံးအတွက်လွတ်လပ်ခွင့် ဖြစ်နိုင်ပေလိမ့်မည်။


(ကိုးကား။ ။ Liberalism – a primer BY JULIO C. TEEHANKEE, Ph.D. 2005 စာအုပ်မှ ကောက်နုတ်ဖော်ပြသည်)