DE

ပညာရေးသင်ထောက်ကူ ပစ္စည်းဆော့ဝဲလ်နဲ့ FWL 2018 Myanmar winner ဆုကို ရရှိသွားသူ

FNF Myanmar

Falling Walls Lab 2018 Myanmar ပြိုင်ပွဲကို စက်တင်္ဘာလ ၁ရက်နေ့က ရန်ကုန်မြို့ရှိ Gothe-Institut Myanmar ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲမှာ စွန်ဦးတီထွင် စိတ်ကူးသစ်များ လေ့လာချက်များကို ၃မိနစ်အတွင်း တင်ပြ ဟောပြ ချပြပြီး ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။

အဆိုပါပြိုင်ပွဲကို FNF Myanmar (Friedrich Naumann Foundation for Freedom - Myanmar) မှ ဦးဆောင်ပြီး Gothe-Institut Myanmar၊ Matrix Institute of Professionals၊ Parami institute of liberal arts and sciences နှင့် ပြည်ထောင်စု စက်မှုဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ကျင်းပခြင်းဖြစ်သည်။

ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး Falling Walls Lab ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

Falling Walls Lab 2018 Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၄ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နည်းပညာတက္ကသိုလ် ကျောင်းသားများ၊ ဆရာဝန်များ၊ ဘဏ်ဝန်ထမ်းနှင့် တခြား နယ်ပယ်အသီးသီးမှ စွန်ဦးတီထွင်သူများ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင် ၁၄ဦး ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းပညာရေးသင်ကြားရာတွင် ဆရာ ဆရာမများ လွယ်ကူစွာ အသုံးချနိုင်ရန် တီထွင်ထားသော ပညာရေး အထောက်အကူပြု ဆော့ဝဲလ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် The Space and Universe Teaching Aids Company ရဲ့ Managing Directorဖြစ်သူ  ဒေါက်တာသန့်ထူးအောင်မှ ဒိုင်းများ၏ အမှတ်ပေးမှုအများဆုံးဖြင့် ပထမဆုကို ရရှိခဲ့သည်။

"ဒီဆော့ဝဲလ်လေးက ဆရာ ဆရာမတွေအတွက် ပိုပြီးတော့ ထိရောက်မယ် သင်ရိုးညွန်းတမ်း အထောက်အကူပြုဆော့ဝဲလ်တစ်ခုဖြစ်လာမှာပါ။" ဒေါက်တာသန့်ထူးအောင်က ပြောသည်။

အဆိုပါပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိနယ်ပယ်ပေါင်းစုံမှ တီထွင်ဆန်းသစ်သော အတွေးအခေါ်နှင့် စိတ်ဓါတ်များ၊ စွန့်ဥိီးတီထွင်သူများ၊ နယ်ပယ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများနှင့် တီထွင်ဆန်းသစ်သော စိတ်ကူးရှိသူများအား ပိုမိုတိုးတက်စေရန်နှင့် မြှင့်တင်နိုင်ရန်ရည်ရွယ်သည်။
ပထမရရှိသူသည် ဂျာမနီနိုင်ငံ ဘာလင်မြို.သို့ နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက် ၂၀၁၈ နေ့များတွင် သွားရောက်ရမည်ဖြစ်ပါသည်။

နိုဝင်ဘာ ၈ရက် ၂၀၁၈ နေ့တွင် Falling Walls Lab Finale ကိုဘာလင်မြို့တွင် နိုင်ငံတကာမှပြိုင်ပွဲဝင် အယောက် ၁၀ဝ ထဲမှ ၁ယောက်အဖြစ် တိုက်ရိုက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်။

နိုဝင်ဘာ ၉ရက် ၂၀၁၈ တွင်ကျင်းပမည်ဖြစ်သော Falling Walls Conference ကို တက်ရောက်ခွင့်လက်မှတ်ရရှိမည်ဖြစ်ပြီး နိုင်ငံတကာမှ ကမ္ဘာ.အထင်ရှားဆုံး သိပ္ပံပညာရှင်များမှ ၄င်းတို့၏တွေ့ရှိချက်များကို တင်ပြထားသော ၁၅ မိနစ်စာတင်ပြမှုများကို လေ့လာခွင့်ရရှိမည်ဖြစ်သည်။

FNF Myanmar

Friedrich Naumann Foundation for Freedom Myanmar Country Office မှ Falling Walls Lab Myanmar 2018 အတွက် ကုန်ကျစရိတ်များနှင့် ပထမဆုရရှိသူ၏ ဘာလင်ခရီးစဉ်အတွက် ခရီးစရိတ်များပံ့ပိုးပေးမည်ဖြစ်သည်။

Falling Walls Foundation သည် Falling Walls Lab အား A.T Kearney၏ထောက်ပံ့မှုဖြင့် ၂၀၁၁ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။