DE

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းနှင့် အဖွဲ့အား သွားရောက် တွေ့ဆုံ

FNF Myanmar

င့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Paññā Institute မှ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် ဦးဆောင်သည့်အဖွဲ့တို့သည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌလည်းဖြစ် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဌလည်းဖြစ်သော ဦးထွန်းထွန်းဟိန်းနှင့် ရုံးအဖွဲ့အား သွားရောက်တွေ့ဆုံခဲ့ပါသည်။

FNF Myanmar

အဆိုပါ ဇူလိုင်လ ၃၁ရက်နေ့က တွေ့ဆုံပွဲတွင် FNF ၏ ထောက်ပံ့ကူညီပေးမှုနှင့်အတူ Paññā Institute အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အိုင်တီနည်းပညာ အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုမီဒီယာနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ပြည်သူနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ပလက်ဖောင်း (ICT- Information and Communication Technology Platform ) စသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။

FNF ၏ထောက်ပံ့ကူညီမှုနှင့်အတူ Panna Institute နှင့်ပူးပေါင်းပြီး လွှတ်တော်အထောက်အကူပြု ဆွေးနွေးပွဲ ၂ခုကိုလည်း ပြုလုပ်ထားခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ လွှတ်တော်အထောက်အကူပြု ဆွေးနွေးပွဲများကို FNF အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Panna Institute၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC)တို့နှင့်တူ ပူးပေါင်း ဆောင်ရွက်လ ျှက်ရှိပါသည်။