DE

ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ ဆရာမများအတွက် SIM Democracy ကစားနည်း 

FNF Myanmar

ဒီမိုကရေစီ ကစားနည်းတစ်ခုဖြစ်သည့် SIM Democracy ကစားနည်း ဆရာအဖြစ်သင် ၂ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို FNF Myanmar မှ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Panna Institute နှင့် ပူးပေါင်းကာ ရန်ကုန်ပညာရေး တက္ကသိုလ်မှ တာဝန်ရှိသူများအတွက် မေလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ SIM Democracy ဆရာအဖြစ်သင် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်ပညာရေးတက္ကသိုလ် စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဆရာ ဆရာမ အယောက် ၄၀ ခန့် တက်ရောက် ပါဝင်ခဲ့ကြသည်။ 

ပထမရက်တွင် တက်ရောက်လာသည့် ဆရာ ဆရာမများမှ SIM Democracy ကစားနည်းကို ပျော်ရွှင်စွာ တစ်ရက်တာ ကစားခဲ့ကြပြီး ဒုတိယနေ့တွင် SIM Democracy ကစားနည်း နည်းပြတစ်ဦး၏ ပြင်ဆင်ရမည့် လိုက်နာရမည့် အချက်အလက်များကို လေ့လာ သင်ယူခဲ့ကြသည်။

ယခုပြုလုပ်သည့် SIM Democracy ကစားနည်း အလုပ်ရုံဆွေးနွေးပွဲကို Panna Institute မှ သင်တန်းဆရာများ ဆရာမများမှ ဦးဆောင်ပြီး နည်းပြများအဖြစ် တာဝန်ယူခဲ့ကြသည်။

SIM Democracy ဆိုသည်မှာ တက်ကြွသော ပြည်သူများနှင့် တာဝန်ယူတတ်သော နိုင်ငံခေါင်းဆောင်များ နေရာမှဝင်၍ ကစားနည်းအား ပျော်ရွှင်စွာကစားရုံဖြင့် ဒီမိုကရေစီ ကို ကစားရင်း သင်ယူနိုင်သည့် ဂိမ်းတစ်ခုဖြစ်သည်။

ဤကစားနည်းကို FNF ထိုင်းရုံးမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံမှ ပညာရှင်အချို့ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ကာ ၂၀၁၂ခုနှစ် လူထုဆီသို့ အရောက်ပေးပို့နိုင်ခဲ့သည်။