DE

တရားဥပဒေစိုးမိုးခြင်း

Rule of Law

တရားဥပဒေစိုးမိုးမှုကဏ္ဍ အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာမှာ အရေးယူခံရခြင်းမရှိပဲ ပြစ်မှုများမှ လွတ်မြောက်သွားသည့် ကိစ္စများ အများအပြားရှိနေခြင်းပင်ဖြစ်သည်။ ၎င်းသည် ဥပဒေများကို သက်ဝင်အကောင်အထည်ဖော်ရာ၌ လွန်စွာ အဟန့်အတားဖြစ်စေပြီး မတည်မငြိမ်မှုများကို အားပေးအားမြှောက်ဖြစ်စေသည်။ ပြစ်မှုများနှင့် အကြမ်းဖက်မှုများ တိုးပွားမှုကို အားပေးနေသည်။ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းအဖြစ် သတ်မှတ်ခြင်း၊ ရာဇာဝတ်မှုကြီးငယ်များအား အရေးယူမှုမရှိဘဲ လျစ်လျူရှုထားခြင်း။ တစ်စတစ်စ ကြီးထားနေသော အငြင်းပွားမှုများမှ အကြမ်းဖက်မှုနှင့် လက်စားချေမှု အသွင်များသို့ ပြောင်းလဲဖြစ်ပွားခြင်းနှင့် နိုင်ငံသားများမှ ကိုယ့်နည်းကိုယ့်ဟန်များဖြင့် ကိုင်တွယ်ဖြေရှင်လာကြခြင်းတို့ တွေ့ရသည်။


တည်ငြိမ်မှု မရှိသော နိုင်ငံရေးအခြေအနေသည် အုပ်ချုပ်ရေးစနစ်အား ပြည်သူများ၏ သံသယဖြစ်မှုများကို ပိုမို တွန်းအားပေးသည့် အခြေအနေတစ်ရပ်ကို ဖန်တီးပြီး မည်သူတို့သည် နိုင်ငံကို ဆက်လက်ဦးဆောင်ပြီး ကျန်ရှိမည်။ မည်သူတို့ အသစ်တက်လာမည်ဆိုသည်ကို စိုးရိမ်ကြောင့်ကြမှုများ ဖြစ်လာစေရပါသည်။ အစိုးရမှ ရဲဌာနနှင့် ပြစ်မှုကျူးလွန်သူများဟု သံသယဖြစ်ဖွယ်ရှိသော အစိုးရဝန်ထမ်းများ တင်းကျပ်စွာ ကိုင်တွယ်ပြီး ရဲဝန်ထမ်းများနှင့် ဥပဒေအရာရှိများအပေါ် ဖိအားပေးမှုများ ပြုလုပ်လာကြသည်။


ဥပဒေများအား အသက်ဝင်အားဖြည့်ရန်အတွက် အခွင့်အလမ်းများ ရှိသော်ငြားလည်း ယင်းတို့ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရည်အချင်းဆိုင်ရာ လိုအပ်ချက်များ အကန့်အသတ်ရှိနေသည်ကို တွေ့ရှိရသည်။ ဝန်ထမ်းအများအပြားမှာ အခြေခံအရည်အချင်းများ မရှိကြခြင်း၊ လုံလောက်သော အင်အားမရှိခြင်း၊ ထို့အပြင် အခြားလိုအပ်သည့် တပ်ဆင်မှုများလည်း အားနည်းလှပါသည်။ ဒေါ်လာတစ်ရာအောက် နိမ့်သောလစဉ်ဝင်ငွေသည် နိုင်ငံရေးအရ ဖိအား တစ်ခုကို ဖြစ်စေပြီး လာဘ်ပေး လာဘ်ယူမှုနှင့် ရာဇဝတ်မှုများအထိ ပါဝင်ပတ်သက်မှုပြုရန် တွန်းအားတစ်ခုဖြစ်နေပါသည်။ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ကျွမ်းကျင်မှုများ အကန့်အသတ်ရှိပြီး အထူးကျွမ်းကျင်တတ်မြောက်ထားသည့် ထောက်လှမ်းရေးများလည်း အနည်းငယ်သာရှိသည်။ လုံလောက်မှုမရှိသော ဝန်ထမ်းအင်အား သင်တန်းပိုင်းဆိုင်ရာ အကန့်အသတ်များခေါင်းဆောင်ပိုင်း အပြောင်းအလဲများ မကြာခဏပြစ်မှုတို့ကို ရင်ဆိုင်နေရသော ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် စုံစမ်းထောက်လှမ်းရေး လုပ်ငန်းစဉ်များကို တက်ကြွသည့် လမ်းညွှန်မှုများ ဆောင်ရွက်ခြင်းမရှိသောကြောင့် တရားရုံးများသို့ ရုံးတင်စစ်ဆေးမှုပြုရန် ရောက်ရှိလာသည့် အမှုများလည်း နည်းပါးလှသည်။


ဥပဒေများကို အသက်ဝင် အင်အားဖြည့်ရန်နှင့် လေးစားရန် မစွမ်းဆောင်နိုင်မှုကြောင့် အစိုးရအပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာပြီး စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို အကြမ်းဖက်နည်းများဖြင့် ရယူကြိုးစားမှုသည်ပင်လျှင် တရားဝင်လုပ်ဆောင်လာကြသည့် နည်းလမ်းပုံစံအသွင်ဖြစ်လာသည်။ အခြေခံတည်ငြိမ် အေးချမ်းမှုနှင့် လုံခြုံမှုကင်းမဲ့နေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဥပဒေနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ အပေါ်ကျရောက်သည့် နိုင်ငံရေးဆိုင်ရာ ဖိအားများကို လျှော့ချမည့် အစီအစဉ်များ ဆောင်ရွက်ရန်နှင့် ယင်းတို့၏ စွမ်းဆောင်ရည်များနှင့် သင်တန်းများကို တိုးမြှင့်မည့် ကိစ္စများကို အလေးပေးအဓိကထားရန် အကြံပြုပါသည်။ ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဒီမိုကရေစီ စနစ်ကျပြီး ပြည်သူ့ဝန်ဆောင်မှုကို ဦးစားပေးစေသည့် ပြည်သူများ၏ အားကိုးယုံကြည်မှုကို ရရှိသည့် ဥပဒေဘက်တော်သား အစိုးရဌာနများ ဖြစ်လာစေရန် ပံ့ပိုးပေးမည့် ပဏာမခြေလှမ်းများဖြစ်ပေလိမ့်မည်။


တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများနှင့် သက်ဆိုင်သော ရဲများ၏ လုပ်ငန်းတာဝန်များကိုလည်း ဖော်ပြရန် လိုအပ်ပါသည်။

Source: သရုပ်ပြတရားစီရင်ရေး သင်ကြားရေး လမ်းညွန်