DE

တရားဥပဒေစိုးမိုးရေး၏ အဓိပ္ပာယ်နှင့် အရေးကြီးမှုကား အဘယ်နည်း

Law

တရားဥပဒေစိုးမိုးရေးကို အကြွင်းမဲ့အာဏာရှင်စနစ် သို့မဟုတ် မင်းမဲ့စရိုက် (လူပုဂ္ဂိုလ်များ သို့မဟုတ် ၎င်းတို့၏ စည်းစိမ်ဥစ္စာများအား ထိခိုက်စေသော ဆုံးဖြတ်ချက်များသည် အခြားသော ဘက်မလိုက်သည့် အာဏာပိုင်၏ စိစစ်မှုအရ မဟုတ်သောအခြေအနေ) နှင့်နှိုင်းယှဉ်ခြင်းအားဖြင့် အကောင်းဆုံး နားလည်သဘောပေါက်နိုင်ပေသည်။

တရား စီရင်ရေးအာဏာပိုင်၏ တရားဝင်ဖြစ်မှုနှင့် ဘက်မလိုက်မှုသည် တရားဥပဒေစိုးမိုးရေးအောက်ရှိ စနစ်တစ်ခု၏ ထူးခြား ထင်ရှားသော အသွင်လက္ခဏာဖြစ်သည်။ တရားဥပဒေစိုးမိုးရေးသည် ဒီမိုကရေစီ၏ အလိုအလျောက်ဖြစ်ပေါ်သော အသွင် အပြင်မဟုတ်ပေ။ ထိုထက် ယင်းသည် လစ်ဘရယ်ဝါဒနှင့် အခွင့်အရေးများ တန်းတူညီမျှမှု ကိစ္စရပ်များ အန္တရာယ်ရှိလာလျှင် ဒီမိုကရေစီတိုင်း၌ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများအတွက် အရေးကြီးသော ဖြည့်စွက်ချက်ဖြစ်သည်။

ထို့ပြင် လူ့အဖွဲ့ အစည်းတစ်ရပ်သည် ယဉ်ကျေးမှုပိုမိုစုံလေလေ၊ လူမျိုးစုပိုမိုစုံလေလေ၊ အပြစ်ဝန်ခံမှုစကားကို ကြားနာသည့်နေရာ ပိုမိုစုံ လေလေ ဖြစ်လာမည့် မည်သည့် အများစုနှင့်မဆို နှိုင်းယှဉ်လျှင် အုပ်စုမျိုးစုံ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ပိုမိုလိုအပ်လာလေလေဖြစ်သည်။

လူနည်းစုများအတွက် အခွင့်ထူးများ သို့မဟုတ် လူနည်းစုများအတွက် အထူးအခွင့် အရေးများသည် နည်းလမ်းမကျပေ။ ဤကိစ္စနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးစံနှုန်းများ တိုးတက်ရေးသည် ဖြစ်မြောက်နိုင်စွမ်းအရှိဆုံးသော ချဉ်း ကပ်နည်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ထိုချဉ်းကပ်နည်းကိုယ်တိုင်ကပင် လူ့အဖွဲ့အစည်းရှိ တစ်ဦးချင်း ပုဂ္ဂိုလ် အားလုံးအပြင် လူ့အဖွဲ့အစည်းကို တည်ဆောက်သော လူမျိုးစုများစွာတို့ကိုလည်း အကျုံးဝင်စေပေသည်။

တရား ဥပဒေ စိုးမိုးရေး အခြေခံစည်းမျဉ်းများကို အသုံးချခြင်းနှင့် တင်းကျပ်စွာ စွဲကိုင်ထားခြင်းတို့သည် ဒီမိုကရေစီသည် လွတ်မြောက်မှု မရှိခြင်းဖြစ်မလာရေး သေချာစေရန် အရေးကြီးသော နည်းလမ်းတစ်ရပ်ဖြစ်ပေသည်။

Source: Teehankee, Jolio C. (2005). Liberalism: Aprimer. Published by National Institute For Policy Studies. Manila.