DE

ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဆွေးနွေးပွဲ 

FNF Myanmar

ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ အသိပညာဖြန့်ဝေသည့် ဆွေးနွေးပွဲအစီအစဉ်တစ်ခုကို FNF Myanmar နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မေလ ၂၂ရက်နေ့တွင် UMFCCI ရုံး၌ ပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်များ၊ ရှေ့နေအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် UMFCCI အဖွဲ့ဝင်များ စုစုပေါင်း အယောက် ၅၀ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုလေး တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်နှင့် သြစတြေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ  ကော်မရှင်မှ Mr. Francesco Maismith တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။ 

တက်ရောက်လာသူများမှလည်း သိရှိလိုသည့်အရာများကို မေးမြန်းခဲ့ကြပြီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနှင့် နည်းဥပဒေများအကြောင်းများ၊ ယှဉ်ပြိုင်မှုဆိုင်ရာ သဘောတရားများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို မေလ ၂၂ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၂နာအထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။