DE

Digital Courage Award

FNF Myanmar

Friedrich Naumann Foundation for Freedom (FNF) သည် မြန်မာနိုင်ငံရှိ သူရသတ္တိနှင့် ပြည့်စုံသော လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေသူများကို ရည်ရွယ်၍ “Digital Courage Award” ကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက်ပါသည်။

လွန်ခဲ့သောအချိန်များက လူများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသော လူသိများ ထင်ရှားမှုမရှိသည့် သူရဲကောင်းများစွာ မြန်မာနိုင်ငံတွင် ရှိခဲ့ပါသည်။ ပြည်သူများမှ မသိခဲ့ကြသဖြင့် သူတို့ ရသင့်သည့် အသိအမှတ်ပြုမှုကို မရခဲ့ကြဘဲ သူတို့၏ အဖြစ်အပျက်များသည် သမိုင်းရေစီးကြောင်းတွင် နစ်မြုတ် သွားကြရသည်။ မိုဘိုင်းဆက်သွယ်ရေးနည်းပညာများသည် မကြာသေးမီကာလအတွင်း သတင်း အချက်အလက်များ ရရှိနိုင်မှုကို ပိုမိုတိုးတက်လာစေပြီး၊ လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေသူများက အခြားသူများကို ထိရောက်စွာ ပိုမို ထိတွေ့နိုင်စေရန် ပြုလုပ်ပေးခဲ့ပါသည်။ ထိုနည်းဖြင့် ထင်ရှား သည့်နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များသာမက သာမန်သူများပင်လျှင် လွတ်လပ်မှုအတွက်တိုက်ပွဲဝင်ရာ၌ အပြောင်းအလဲဖော်ဆောင်သူများ ဖြစ်လာကြပါသည်။

FNF သည် ထိုအပြောင်းအလဲဖော်ဆောင်သူများနှင့် ပွင့်လင်းသည့်လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာ တွင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာများအသုံးပြုခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုပါသည်။ ထို့ကြောင့် FNF သည် သူတို့၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုချီးမြှင့်ရန်နှင့် အခြားသူများကိုလည်း လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အတွက် တိုက်ပွဲဝင်ရာတွင် စိတ်ဓါတ်တက်ကြွလာစေရန် ပြုလုပ်ပေးချင်သည့် ဆန္ဒရှိပါသည်။ Digital Courage Award ကို မြန်မာနိုင်ငံရှိ သတ္တိအပြောင်မြောက်ဆုံး လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေသူများ ကို နှစ်စဉ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း

အမည်စာရင်းတင်သွင်းမှုကို တင်သွင်းခံရသူ ကိ်ုယ်တိုင်မဟုတ်သော အခြားမည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှ မဆို ပြုလုပ်နိုင်ပါသည်။ 

အကယ်၍ သင်သည် ဒီဂျစ်တယ်နည်းပညာ အသုံးပြုမှု သို့မဟုတ် ဒီဂျစ်တယ်အသိုင်းအဝန်းတွင် အများနှင့်မတူ ထူးခြားသည့် သူရသတ္တိပြနိုင်သူတစ်ဦးဦးကို သိရှိပါက ပူးတွဲပါ အဆိုပြုလွှာကို ဖြည့်စွက်၍ aung_thu.hein@fnst.org သို့မဟုတ် khinluttlatt.tun@fnst.org သို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့နိုင်ပါသည်။

အမည်စာရင်းတင်သွင်းမှုကို အောက်ဖော်ပြပါ Google Form တွင် ဖြည့်စွက်ခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။
https://goo.gl/6VqHN1

အမည်စာရင်းတင်သွင်းခြင်းအတွက် သတ်မှတ်ချက်များ

အမည်စာရင်းတင်သွင်းခံရသူသည် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ရမည် ဖြစ်ပြီး ထိုသူ/အဖွဲ့အစည်းသည် ဒီဂျစ်တယ်အသိုင်းအဝန်းတွင် လူအများအတွက် တစုံတခုကို သတ္တိပြောင်မြောက်စွာ လုပ်ဆောင်ခဲ့ရမည်။

အကယ်၍ အမည်စာရင်းတင်သွင်းခံရသူသည် အထက်ဖော်ပြပါ သတ်မှတ်ချက်နှင့် ကိုက်ညီပါက ယင်းကို စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသော အမည်စာရင်းတင်သွင်းမှုအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စိစစ်ရွေးချယ်သည့် လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ပါသည်။

အနိုင်ရသူကို ရွေးချယ်ခြင်း

ဘက်လိုက်မှုမရှိသော အကဲဖြတ်အဖွဲ့မှနေ၍ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသော အမည်စာရင်း တင်သွင်းမှု များကို စိစစ်မည်ဖြစ်ပြီး စကာတင် ၁၀ ဦးကို ရွေးချယ်မည်ဖြစ်ပါသည်။ ထိုသူများကို အချက်သုံးချက်ပါ အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်သုံးသတ်မည် ဖြစ်သည်။
-    သတ္တိရှိမှု
-    လွတ်လပ်မှု အတွက် တိုက်ပွဲဝင်ခြင်း
-    အများအတွက် စံပြဖြစ်နိုင်မှု

အကဲဖြတ်အဖွဲ့မှ အနိုင်ရရှိသူ၊ ဒုတိယရရှိသူ၊ တတိယရရှိသူများကို ရွေးချယ်မည်ဖြစ်ပြီး ထိုသူများသည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားသို့ ဖိတ်ကြားခြင်း ခံရမည် ဖြစ်သည်။

အနိုင်ရရှိသူကို FNF မှ ဆုတံဆိပ်၊ အသိအမှတ်ပြုလက်မှတ်တို့နှင့်အတူ အမေရိကန်ဒေါ်လာ ၂၀ဝ၀ ကို ချီးမြှင့်မည် ဖြစ်ပါသည်။ ဒုတိယနှင့် တတိယရရှိသူများကို FNF မှ ဆုတံဆိပ်နှင့် အသိအမှတ်ပြုလက်မှတ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။

ဆက်သွယ်စုံစမ်းရန်

အချက်အလက်များ ထပ်မံသိရှိလိုပါက အောင်သူဟိန်း ဖုန်း - ဝ၉၄၂၀၁၂၂၄၉၀၊ aung_thu.hein@fnst.org သို့မဟုတ် ခင်လွတ်လပ်ထွန်း ဖုန်း - ဝ၉၄၂၁၀၈၄၅၅၈၊ khinluttlatt.tun@fnst.org သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။