ရန်ကုန်
ဖရီးဒရစ်(ချ်) နောင်းမန်းဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ စျေးကွက် စီးပွားရေးစနစ်ကို တည်ထောင်ရာတွင် အခြေခံအုတ်မြစ်ခိုင်မာအောင် အားပေးကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ဖောင်ဒေးရှင်း၏ မြန်မာပြည်ရုံးကို ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့သည်။ ကျွန်ုပ်တို့၏အလုပ်နှင့်ပတ်သက်ပြီးမေးမြန်းစုံစမ်းလိုသည်များရှိပါက ဆက်သွယ်စုံစမ်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ရုံးအဖွဲ့ဝင်များအကြောင်းသိရှိလိုပါကဤနေရာတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
News
-
ကော်ဖီစေ့များကြားထဲက အမျိုးသမီးတစ်ဦး
“ကော်ဖီလှော်ရင်းနဲ့ရှာတွေ့လာတာက တရားထိုင်သလိုပဲ။ ကော်ဖီလှော်နေရင်း၊ ကော်ဖီစေ့ရွေးနေရင်းနဲ့ အချိန်ကုန်ရတာက အမအတွက် တခြားကမ္ဘာမှာဘာကိစ္စမှ မရှိတော့သလိုပဲ။ ကော်ဖီေကာင်းတယ်၊ ထိုင်လို့မကောင်းဘူး။ ကော်ဖီ မကောင်းဘူး၊ ထိုင်လို့ကောင်းတယ် အဲ့ ၂ ခုက ဆုံဖို့ ခက်တယ်”
-
ရာသီဥတုပြောင်းလဲခြင်းနှင့်အမျိုးသမီးများ
ရာသီဥတုပြောင်းလဲခြင်းအကြောင်းအရာများကို အသိပညာပေးနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဒီတစ်ပတ်ရဲ့ women to women အစီအစဥ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
-
မိခင်တစ်ဦးဖြစ်သလို စီးပွားရေးဘက်မှာလည်း မျှတအောင်လုပ်ဆောင်နေတဲ့ mommy blogger တစ်ဦးဖြစ်သူ မမြဘုန်းဆင့်နှင့်တွေ့ဆုံခြင်း
အဲ့ဒီကနေ အံ့ဩသွားတာ ကိုယ့်လိုဘဝတူမိခင်တွေ ပတ်ဝန်းကျင်မှာ အများကြီးပဲဆိုတာသိလိုက်ရတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး သူတို့လည်းအတူတူပါပဲဆိုတဲ့စိတ်က မိခင်ဘဝမှာ အချင်းချင်း အင်အားတွေပေးလိုက်သလိုပါပဲ။ ဒီကနေစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိဘတွေနဲ့ ကလေးငယ်လေးတွေအတွက် အမရဲ့အတွေ့အကြုံတွေ tips လေးတွေနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ စာတွေ vlog တွေ မျှဝေပေးဖြစ်ခဲ့တာပါ။
-
အမျိုးသမီးများနဲ့ ကျန်းမာကြံ့ခိုင်ခြင်း
အမျိုးသမီးတွေအတွက် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်မှုက အရေးကြီးသလို ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကလည်း အဓိကကျပါတယ်။ စိတ်နဲ့ခန္ဒာကျန်းမာမှသာ မိမိကိုယ်တိုင်အပြင် မိမိပတ်ဝန်းကျင်ကိုပါ ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်လရဲ့ women to women အစီအစဥ်အတွက် တင်ဆက်ပေးမယ့်သူကတော့ live, love & life ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်ပြီး Fitness နဲ့ပတ်သက်ပြီးသင်ကြားပေးနေသူတစ်ဦးလည်း ဖြစ်တဲ့ NC Moe ကို အမျိုးသမီးတွေအတွက် ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
-
သဘာဝပတ်ဝန်းကျင် သင်ရိုးညွှန်းတမ်းကို ကျောင်းများတွင် ထည့်သွင်းသင်ကြားနိုင်ရန် ခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်သူ Falling Walls Lab Myanmar 2023 ပြိုင်ပွဲတွင် အနိုင်ရရှိ
သဘာဝပတ်ဝန်းကျင်အတွက် ရည်ရွယ်သည့် သင်ရိုးညွှန်းတမ်းများကို ကျောင်းများတွင် ပြန်လည် သင်ကြားပေးရန် ရည်ရွယ်သည့် ပရောဂျက်၊ အာဟာရ မလုံလောက်မှုပြသနာကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်သည့်ပရောဂျက်၊ မြန်မာ့ထန်းနှင့်ပတ်သက်သည့် ထုတ်ကုန်များကို တင်ပြရန်ရည်ရွယ်သည့် ပရောဂျက်စသည့် ပရောဂျက် ၃ ခုတို့မှ ပထမ၊ ဒုတိယ၊ တတိယ အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
-
နည်းပညာနယ်ပယ်က အမျိုးသမီးတစ်ဦးရဲ့ ခံယူချက်
နည်းပညာနယ်ပယ်ထဲမှာ အမျိုးသမီးပေါင်းများစွာရှိတဲ့အနက်က ဒီတစ်လရဲ့ women to women အစီအစဥ်မှာတော့ senior mobile developer ၊ MSDT Training Center ရဲ့ Mobile App Mentor တစ်ဦးဖြစ်သူ မခင်စန္ဒာရဲ့ အင်တာဗျူး အစီအစဥ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ သူမဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေနဲ့ နည်းပညာနယ်ပယ်ကို ဝင်ရောက်ချင်တဲ့ အမျိုးသမီးတွေအတွက် အကြံဥာဏ်တွေနဲ့ပတ်သက်ပြီး women to women အစီအစဥ်ကနေ တစ်ဆင့် သူမ ဝေမျှပေးခဲ့တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
-
အမျိုးသမီး အချင်းချင်းကြား စီးပွားရေးချိတ်ဆက်မှုပိုရစေဖို့ ရည်ရွယ်ထားတဲ့ she creates ရဲ့ပဲ့ကိုင်ရှင်
တစ်နိုင်ငံလုံးက လက်မှုဖန်တီးသူ အမျိုးသမီးတွေဟာ ကိုဗစ်ကာလနဲ့ ကိုဗစ်ကာလအလွန်မှာ ခက်ခဲစွာရုန်းကန်ခဲ့ကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နေသူ အမျိုးသမီးတွေနဲ့ အမျိုးသမီးလက်မှုဖန်တီးသူတွေအကုန်စုပြီး အမျိုးသမီးအသင်းအဖွဲ့တစ်ခုအနေနဲ့ စုစည်းတည်ရှိတဲ့ အဖွဲ့တစ်ခုကို ဦးစီးတည်ထောင်ဖို့ အကြံဥာဏ် ရခဲ့သူက Wai Wai noodle palace က မဝေဝေကျော်ပါ။ ဒါကြောင့် သူမက ၂၀၂၂ ခုနှစ် မတ်လမှာ she creates နာမည်နဲ့အမျိုးသမီးဖန်တီးသူတွေကို တနေရာတည်းမှာ စုစည်း စေခဲ့ပါတယ်။ she creates ဖြစ်ပေါ်လာပုံနဲ့ အမျိုးသမီးဖန်တီးသူတွေကြား ဘယ်လိုအကျိုးရှိစေဖို့ ရည်ရွယ်ထားလဲဆိုတာကို ဒီတစ်လရဲ့ women to women အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။